Relationships: အဆင်မပြေတဲ့အချစ်ရေးကို ပြုပြင်ဖို့ ကြိုးစားသင့်တဲ့ အချိန် (၄) ချိန်

တချို့အဆင်မပြေမှုတွေက ပြင်ဆင်လို့ ရနိုင်ပါသေးတယ်။

play

 

ဆက်ဆံရေးတွေကို ချိန်ညှိရတာ ဘယ်တော့မှ မလွယ်ပါဘူး။ သူစိမ်းနှစ်စယောက်ကနေ အတူနေဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ဆိုတာ ခက်ခဲပါတယ်။  အောက်ပါ အခြေအနေမျိုးတွေဖြစ်လာရင် သင့်အချစ်ရေး ဒါမှမဟုတ် အိမ်ထောင်ရေးက ပြုပြင်လို့ ရနိုင်ပါသေးတယ်။

၁။ ခက်ခဲတဲ့ အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့နေရတဲ့အခါ

play

 

မြဲမြံတဲ့ အချစ်ရေး/အိမ်ထောင်ရေးတိုင်းဟာ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရတာပါ။ အတူတကွ လက်တွဲဆောင်ရွက်ပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ရင် သင့်ရဲ့အချစ်ရေးက ပိုမိုကောင်းမွန်လာပါလိမ့်မယ်။

၂။ အဆင်မပြေမှုကို နှစ်ယောက်စလုံးက ကောင်းအောင် ပြုပြင်လိုစိတ်ရှိတဲ့အချိန်

play

 

အဆင်မပြေမှုဆိုတဲ့နေရာမှာ ယုံကြည်မှု ပျောက်ဆုံးရတာတွေတောင် ပါချင်ပါလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက ဒီအချစ်ရေး/အိမ်ထောင်ရေးကို ကောင်းမွန်အောင် လုပ်ချင်စိတ် ပြင်းပြနေသရွေ့ အချိန်မနှောင်းသေးပါဘူး။

၃။ အကြီးအကျယ် ရန်ဖြစ်ခြင်း

play

 

တစ်ကြိမ်တစ်ခါ ရန်ဖြစ်ရုံနဲ့ လမ်းခွဲစရာ အကြောင်းမရှိပါဘူး။ သိပ်ပြီး ကြီးကျယ်လွန်းတဲ့ ပြဿနာမဟုတ်ရင် မှားတဲ့သူကတောင်းပန်၊ ခွင့်လွှင့်သင့်သူက ခွင့်လွှတ်ပြီး နှစ်ဦးလက်တွဲပြီး ရှေ့ဆက်နိုင်ပါတယ်။

၎။ ယုယကြင်နာမှုတွေ လျော့ပါးသွားချိန်

play

 

တစ်ယောက်နဲ့တစ်ယောက် ချစ်သူဆိုတဲ့ စိတ်ထက် သူငယ်ချင်းလိုမျိုး ခံစားနေရပြီဆိုရင် ချစ်စခင်စကလိုမျိုး ပြန်နေဖို့ လိုအပ်ပါပြီ။ ချိန်းတွေ့ပါ။ ကလေးတွေမခေါ်ဘဲ ခရီးအတူထွက်ပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်း စာလေးတွေ၊ ကဗျာလေးတွေ ရေးပြီးပေးပါ။ လက်ဆောင် ဝယ်ပေးပါ။ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး ကြင်ကြင်နာနာ နမ်းပါ။

Source & Photos : Family

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ