Relationships: မကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျင့်( ၇) ခု

ဒရာမာသမားဆိုတော့ ဇာတ်လမ်းကြိုက်ပါတယ်။ ကြားသမျှဇာတ်လမ်းကိုလည်း ပြန်ဖြန့်ဝေတတ်ပါတယ်။

 

၁ - ဝေဖန်ရေးသမား

ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ်  စကားတွေအများကြီးပြောပြီး ဝေဖန်နေတတ်ပါတယ်။ ဘယ်တော့မှ အပြုသဘော မဆောင်ပါဘူး။

၂ - ပြည့်စုံသူ

ဘာကမှ သူ့အမှားမဟုတ်ပါဘူး။ ရုံးနောက်ကျတာ အိပ်ရာထနောက်ကျလို့ပါ၊ ကားကြပ်လို့ပါ။ အမှားလုပ်တာ ဘယ်လိုလုပ်ရမလဲ ဘယ်သူကမှ မပြောလို့ပါ။ သူ့အလုပ်ခုံက ရှုပ်ပွနေရင် သူ့ခုံပေါ်မှာ လူတွေက ပစ္စည်းတွေ လာလာထားကြလို့ပါ။

၃ - အားငယ်သူ

 

ခွဲခြားဆက်ဆံခံရတယ်လို့ အမြဲထင်နေသူပါ။ ထမင်းစားချိန်ကြာလို့၊ မနေ့က ညနေက ရုံးစောစောဆင်းသွားလို့၊ မိဘတွေက နောက်ခံမတောင့်လို့ စတဲ့အကြောင်းအရာတွေကြောင့် လုပ်ငန်းခွင်မှာ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ ထင်သူပါ။

၎ - ဒရာမာသမား

ဒရာမာ သမားဆိုတော့ ဇာတ်လမ်းကြိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဇာတ်လမ်းတွေ လုပ်နေတတ်ပါတယ်။  ကြားသမျှ ဇာတ်လမ်းကိုလည်း ပြန်ဖြန့်ဝေတတ်ပါတယ်။ တိတိကျကျမသိရင် ဖြည့်စွက် ပြောတတ်ပါတယ်။

၅ - အလွန်အကျွံသမား

 

သာမန်နေမကောင်းရင် ဆေးရုံတက်ရမယ့်အတိုင်း ပြောတတ်ပါတယ်။ အကျိုးတစ်ခုကို မျှော်လင့်တာမဟုတ်ဘဲ တစ်ခုခုဆို အလွန်အကျွံပြောတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အမြဲငြီးတွားနေသူတွေ ဖြစ်တတ်ပါတယ်။

၆ - မပြီးဘူး

အလုပ်နဲ့ပက်သက်လို့ ပြီးရမယ့် နောက်ဆုံးအချိန်မှာ ဘယ်တော့မှ မပြီးပါဘူး။ ဒီလိုမပြီးရတဲ့အတွက်လည်း ဆင်ခြေတွေ သူတို့မှာ အမြဲရှိနေပါတယ်။

***ဒီအချက်တွေ ရှိနေတယ်ဆိုရင် ဘယ်အလုပ်မှာဖြစ်ဖြစ် လုပ်ငန်းခွင်ထဲ သင်ပျော်မှာ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို မကြည်တာကြောင့်ပါ။

Photos & Source: about

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ