Relationships: သူနဲ့ သင် လမ်းခွဲချင်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာ (၁၀) ချက်

ဒီအချက်တွေ သင်လုပ်မိနေပြီ ဆိုရင်တော့ သင့်ကိုသင် သေချာ ပြန်မေးသင့်ပါပြီ။

play

 

လက်ရှိအချစ်ရေးရဲ့ အနာဂတ်ဟာ မသေချာတော့ပဲ ဝိုးတဝါးဖြစ်လာပြီဆိုရင် ဒီအချစ်ရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူနှစ်ဦးလုံး အသီးသီး မသိစိတ်က ခံစားမိတတ်ကြပါတယ်။ ဒီလိုအချိန် ကြုံတွေ့လာရပြီဆိုရင် စိတ်တွေရှုပ်ထွေးနောက်ကျိလာတတ်ပြီး ကိုယ်ထင်တာ မှန်ပါ့မလား ဆိုတဲ့အတွေးမျိုး ဝင်လာတတ်ပါတယ်။

သင့်ဘက်စပြီး ဒီအချစ်ရေးကို အဆုံးသတ်ချင်နေပြီလို့ ပြောလို့ရတဲ့ လက္ခဏာ ၁၀ ခုရှိပါတယ်။ ဒီအချက် (၁၀) ချက် တွေ့နေရပြီ ဆိုရင်တော့ သင်ဟာ သူနဲ့ ရှေ့ဆက်ဖို့ စိတ်မပါတော့ဘူးလို့ ယူဆနိုင်ပါတယ်။

၁။ သူနဲ့တွေ့ဖို့ စိတ်မပါတော့ခြင်း

play

သူနဲ့ တွေ့ဖို့ကို စိတ်မပါတော့တာဖြစ်မယ်။ သူ့ဆီ မရောက်ခင် အပြင်မှာ ရသလောက်အချိန်ဖြုန်းမယ်။ ပြီးမှ သက်ပြင်းအရှည်ကြီးချပြီး သူ့ဆီ အရောက်သွားမယ် ဆိုရင်တော့ မကောင်းတော့ပါဘူး။

၂။ အေးအေးဆေးဆေး မနေရဘူး

သင်ဟာ အမြဲတမ်း စိတ်ရှုပ်ထွေးနေမယ်။ အေးအေးဆေးဆေး အနားယူဖို့အချိန် သင့်မှာ မရှိလောက်တော့အောင် စိတ်တွေ ရှုပ်နေမယ်။

၃။ အတိတ်က အကြောင်းတွေ ပြန်တွေးမိခြင်း

အတိတ်က ပျော်ခဲ့ရတဲ့ အကြောင်းတွေကိုပဲ သင်အမြဲ ပြန်တွေးနေမယ်ဆိုရင်တော့ လက်ရှိအချစ်ရေးမှာ မပျော်တော့တဲ့ လက္ခဏာပါပဲ။ ဘယ်တုန်းက ဘာလုပ်ခဲ့ကြတာ ဆိုတာမျိုး အမြဲ ပြန်သတိရနေမယ်။

၎။ ခဏခဏ ရန်ဖြစ်ခြင်း

play

 

အပြင်ထွက်တိုင်း ရန်ဖြစ်ရတာများမယ်။ အသေးအမွှားကိစ္စလေးကအစ သင်လည်း စိတ်ညစ်ရသလို သူလည်း စိတ်ညစ်ရမယ်ဆိုရင်တော့ သေချာ ပြန်စဉ်းစားသင့်ပါပြီ။

၅။ အနာဂတ်မှာ သူမပါဘူး

သင့်ရဲ့ အနာဂတ်အကြောင်း စဉ်းစားပြီး အစီအစဉ်ချတဲ့အခါ သူမပါတော့ဘူး။ သင်က တမင်ချန်ခဲ့တာမျိုး မဟုတ်ပေမယ့် အလိုလို သူ့နာမည်ကို ချန်ခဲ့မိတာမျိုး။

၆။ သူနဲ့ကိုယ် ပုံစံမတူဘူးလို့ မြင်လာမယ်

play

 

ကိုယ်က ပြတ်သားတဲ့သူ၊ ဒါမှမဟုတ် တည်ကြည်သူ ဖြစ်တယ်။ သူကတော့ ဒီလိုမဟုတ်ဘဲ ပျော့ညံ့တဲ့သူမျိုး စသဖြင့် သင်မြင်လာမယ်။ သင်နဲ့သူဟာ type မတူဘူးဆိုတာ အခု ကွဲကွဲပြားပြား ခံစားမိလာမယ်ဆိုရင်လည်း သင်လမ်းခွဲချင်ပြီဆိုတဲ့ လက္ခဏာပါ။

၇။ အပြစ်မြင်မယ်

ကားအသစ်တစ်စီး လိုချင်လာတဲ့အခါ လက်ရှိစီးနေတဲ့ ကားကို အလိုလို အပြစ်တွေ မြင်လာတတ်ပါတယ်။ အရင်က နားလည်ပေးခဲ့တဲ့ သူ့ရဲ့ လိုအပ်ချက်တွေဟာ အခုတော့ သင့်အတွက် လက်မခံပေးနိုင်စရာ ဖြစ်နေမယ်။

၈။ ဖုန်းမကိုင်တော့ဘူး

play

 

အရင်က သူ့ဖုန်းဆို အမြဲ ဦးစားပေးကိုင်တယ်။ ဒါပေမယ့် အခုတော့ သူ့ဆီက ဖုန်းတွေကို မကိုင်ဘဲ ထားတတ်နေပြီ။ တစ်ခါတစ်ရံ ဖုန်းတောင်ီပိတ်ထားတတ်နေပြီဆိုရင် သင်သူ့ဆီမှာ စိတ်မရှိတော့ပါဘူး။

၉။ ဘာမှ ပြောစရာ မရှိဖြစ်မယ်

သူ့နဲ့ ဆွေးနွေးစရာတွေ ရှိတယ်ဆိုတာတော့ သင်သိနေတယ်။ ဒါပေမယ့် စကားပြောဖို့ လုပ်တဲ့အခါ ဘာစကားမှ ထွက်မလာတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သင်ဘာကိုမှ စိတ်မဝင်စားတော့လို့ပါ။

၁၀။ စကားပြောပုံ ပြောင်းသွားမယ်

play

 

သင့်ရဲ့ စကားပြောပုံကိုလည်း သင်ပြန်သတိထားကြည့်ပါ။ သူနဲ့ စကားပြောတဲ့အခါ အသံနေအသံထား၊ စကားပြောပုံ ဆိုပုံ စတာတွေ ပြောင်းသွားပြီဆိုရင်တော့ သင်ဟာ သူနဲ့ ရှေ့မဆက်ချင်တော့ဘူးဆိုတာ အတော်လေး သေချာနေပါပြီ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ