Relationships: သင့်ကို မလေးစားသူကို ကျောခိုင်းသင့်တဲ့ အကြောင်းရင်း (၈) ခု

သင့်ကိုယ်သင်တော့ လေးစားဖို့ လိုပါတယ်။

play

 

အချစ်ရေးမှာ လေးစားမှုမရှိရင် တစ်ဖက်သတ်ဖြစ်နေပြီး တစ်ချိန်ချိန်မှာ ပြိုကွဲရမှာပါပဲ။ သင့်အပေါ် အခြေခံလောကဝတ်လေးတောင် မရှိတဲ့သူအပေါ် အချိန်ဖြုန်းနေမယ့်အစား သင့်ရဲ့ တန်ဖိုးကို တကယ်နားလည်တန်ဖိုးထားသူကို ရှာဖွေသင့်ပါတယ်။ လေးစားမှုမရှိတဲ့ အချစ်ရေးကို နောက်ပြန်လှည့်မကြည့်ဘဲ စွန့်လွှတ်နိုင်ဖို့ ဒီအချက်တွေကို တွေးပါ။

၁။ သူ သင့်အပေါ် မလေးစားဘူးဆိုရင် တန်ဖိုးလည်း မထားလို့ပါ။

၂။ သူဟာ လေးစားတယ်ဆိုတာ ဘာကိုပြောမှန်း နားမလည်သူဆိုရင် သူ့အတွက်သူသာ ကြည့်သူပါ။

၃။ သင့်အပေါ် လေးစားမှုမပြခြင်းက သူဟာ အကျင့်စရိုက်မကောင်းသူဆိုတာ ပြနေပါတယ်။

play

 

၎။ လေးစားမှုမရှိတဲ့သူနဲ့ဆိုရင် ဘယ်တော့မှ သင်လိုချင်တဲ့ အခွင့်အရေးတွေ ရမှာ မဟုတ်သလို  စကားများတိုင်း သင်ကပဲ မှားတဲ့သူ ဖြစ်နေပါလိမ့်မယ်။

၅။ ချစ်သူကို မလေးစားတတ်သူဟာ ဘယ်သူ့ကိုမှ မလေးစားတတ်တဲ့ အရိုင်းအစိုင်းလည်း ဖြစ်နေတတ်ပါတယ်။

၆။ ကိုယ့်အပေါ် မလေးစားတဲ့သူကို ယုံကြည်လို့မရပါဘူး။ အချစ်ရေးမှာ ယုံကြည်မှုကလည်း  လေးစားမှုလိုပဲ အရေးပါပါတယ်။

play

 

၇။ လေးစားမှုမရှိရင် သူပြောတဲ့စကားအပေါ် သင်ဘယ်လိုခံစားရမယ်ဆိုတာ ဘယ်တော့မှ အလေးထားမှာ မဟုတ်ပါဘူး။

၈။ လေးစားမှုရှိမှ အချစ်ရေးက အဆင်ပြေမှာပါ။ သူက သင့်အပေါ် လေးစားမှုမရှိရင် ဒီအချစ်ရေးကိုလည်း တန်ဖိုးမထားလို့ပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ