Relationships: ကိုယ်နဲ့အတူတွဲပြီး ပါတီတက်မယ့်သူခေါ်မယ်ဆိုရင် သိရမယ့်အချက် (၇)ချက်

ကချင်စိတ်ရှိလာရင် တွဲကလိုက်ပါ။ ပွဲကိုတောင်တူတူတက်လာပြီးမှတော့ တွဲကတာလောက်ကို စာဖွဲ့မနေပါနဲ့တော့။

play

 

၁။ ဒါချိန်းတွေ့တဲ့သဘောလား

ဒီလိုပွဲမျိုးကို ကိုယ်ကသူ့ကိုခေါ်လာမိမှတော့ ကိုယ်ကသူ့ကိုသဘောကျပြီး ပွဲထုတ်ချင်နေတာသေချာတယ်လို့ တွေးမိသွားနိုင်ပါတယ်။

play

၂။ တာဝန်ယူဖို့

ကိုယ်ခေါ်သွားမိတဲ့သူနဲ့ပတ်သက်သမျှကို တာဝန်ယူနိုင်ရဲ့လားဆိုတာလည်း သေသေချာချာပြန်စဉ်းစားပါ။ ပွဲမှာ သူကအရမ်းသောက်ရင်၊ ပွဲမှာသူကနောက်တီးနောက်တောက်တွေနဲ့ လူအာရုံစိုက်ခံရအောင်လုပ်လွန်းရင် စသဖြင့် ဘာတွေဖြစ်လာနိုင်မလဲစဉ်းစားပြီး တာဝန်ယူနိုင်ဖို့လည်း လိုပြန်ပါတယ်။

play

၃။ ပွဲမှာကိုယ်သဘောကျတဲ့သူမျိုးတွေ့လာရင်

ကိုယ်ကပွဲကိုတွဲတက်မယ့်သူခေါ်သွားပြီး ပွဲကိုရောက်တော့မှ ကိုယ်တကယ်သဘောကျတဲ့သူမျိုးတွေ့လာရင် ဘာလုပ်ရမလဲ။ ပိုဆိုးတာက အခုကိုယ်ခေါ်လာတဲ့သူကို ကိုယ်ကခေါ်သာခေါ်လာတာ ချစ်သူရည်းစားအဖြစ် တွဲဖို့ဆန္ဒမရှိဘူးဆိုရင် ပိုအခက်မတွေ့ပေဘူးလား။

play

 

၎။ သူ့ဆီကဘာမှမမျှော်လင့်နဲ့

ပွဲတူတူတက်ဖို့ပြောထားပေမယ့် ကိုယ့်အတွက် အ၀တ်အစားဝယ်ပေးတာမျိုး၊ ပန်းစည်းလက်ဆောင်ယူလာပေးတာမျိုးများရှိမလားဆိုပြီး မျှော်လင့်မနေပါနဲ့။

play

 

၅။ တွဲကပါ

ကချင်စိတ်ရှိလာရင် တွဲကလိုက်ပါ။ ပွဲကိုတောင်တူတူတက်လာပြီးမှတော့ တွဲကတာလောက်ကို စာဖွဲ့မနေပါနဲ့တော့။

play

 

၆။ လိုက်လျောညီထွေဝတ်တတ်ရဲ့လား

တက်ရမယ့်ပွဲနဲ့ လိုက်လျောညီထွေဖြစ်မယ့် အ၀တ်အစားမျိုး သူဝတ်လာဖို့ကအဓိကအကျဆုံးပါပဲ။ အဲ့လိုမှမဟုတ်ရင်တော့ အရှက်ကွဲမှာသေချာသလောက်ပဲပေါ့။

play

 

၇။ ကျေးဇူး

ဘာပဲဖြစ်ဖြစ် ကိုယ်ခေါ်တဲ့ပွဲကို လိုက်တက်ပေးပြီဆိုကတည်းက သူ့ကိုကျေးဇူးတင်ရမှာတော့ သေချာပါတယ်။ အနည်းဆုံးတော့ တစ်ခုခုဆို ကိုယ့်အတွက်လည်းအဖော်ရတာပေါ့။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ