Relationships: လျစ်လျူရှုပြီး ဝေးဝေးရှောင်သင့်တဲ့ လူ (၅) မျိုး

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေကို ဘဝထဲက ဖယ်ထုတ်ဖို့ တွန့်ဆုတ်မနေပါနဲ့။

 

ဘဝဆိုတာ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ အခက်အခဲတွေ ရှိနှင့်နေပြီးသားပါ။ အဲဒီကြားထဲက အဆိုးမြင်တဲ့ စိတ်နေစိတ်ထားနဲ့ သဘောထားရှိသူတွေနဲ့သာ နေ့စဉ်ရင်ဆိုင်နေရမယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ သင့်ဆီ ရောက်လာဖို့ ခဲယဉ်းပါတယ်။ အဲဒီလိုလူမျိုးတွေကို လျစ်လျူရှုပြီး ကိုယ့်ဘဝကိုယ် ဆက်သင့်ပါတယ်။

၁။ ရန်လိုပြီး ဇာတ်နာပြနေသူ

တချို့သူတွေက အမြဲအငြင်းပွားပြီး ဘာမှမဟုတ်ဘဲ အလွမ်းဇာတ်တွေ ခင်းနေတတ်တယ်။ သူတို့လို လူတွေမျိုးတွေနဲ့ ဖက်ပြိုင်မပြောပါနဲ့။ သူက အော်လေလေ၊ ဒရမ်မာတွေ ခင်းလေလေ၊ သင်က စိတ်အေးအေးထားပြီး တွေးတော ပြောဆိုဖို့လိုပါတယ်။ သူတို့ဇာတ်လမ်းထဲ ကိုယ်ပါ ဝင်မသွားပါစေနဲ့။ တကယ်လို့ အဲဒီလိုလူမျိးက သင့်အနားမှာ အမြဲကပ်နေပြီဆိုရင်တော့ လျစ်လျူရှုပြီး သူတို့နဲ့ ဝေးရာမှာသာနေပါ။

 

၂။ သင်ဘာတွေပဲ လုပ်ပေးခဲ့ပါစေ မကျေနပ်နိုင်တဲ့သူ

တချို့သူတွေက ဘယ်တော့မှ ကျေနပ်တင်းတိမ်နိုင်တယ်ဆိုတာ မရှိပါဘူး။ သင်ဘာတွေပဲ လုပ်ပေးပါစေ၊ သူတို့ စိတ်ကျေနပ်သွားမှာ မဟုတ်ဘူး။ တချို့သူတွေက အဓိပ္ပာယ်မဲ့ သင့်ကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်၊ မလေးမစားလုပ်လာတာတွေ ရှိပါလိမ့်မယ်။ သူတို့ကို ပြောင်းလဲဖို့နဲ့ သူတို့ကျေနပ်အောင် နေပေးဖို့ မကြိုးစားပါနဲ့။ သင့်အတွက် အချိန်ကုန်ပါတယ်။ ဝေးဝေးသာ ရှောင်နေပြီး ကိုယ့်ဘဝတက်လမ်းအတွက်ပဲ အာရုံစိုက်ပါ။

၃။ ကြိုးကိုင်ခြယ်လှယ်သူ

ကြိုးကိုင်ခြယ်လှယ်သူတွေနဲ့ အနိုင်ကျင့်သူတွေကို သတိထားပါ။ သူတို့က သင့်ရဲ့ အတွေးအမြင်တွေကို ချုပ်ကိုင်ဖို့အတွက် သူတို့ရဲ့ မကောင်းတဲ့အတွေးအမြင်တွေကို အသုံးချဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေက သူတို့ရဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကိုသာ အဓိက ဦးစားပေးတတ်သူဖြစ်ပါတယ်။

 

၎။ သင့်ကို ပြောင်းလဲဖို့ ကြိုးစားသူ

သင့်ကို မပြောင်းလဲဘဲ သင့်ရဲ့စိတ်ရင်းနဲ့ ခံယူချက်အတိုင်း လက်ခံပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့သူတွေသာ သင့်အနားမှာ ရှိသင့်ပါတယ်။ သင့်ကို သင့်အတိုင်း လက်မခံနိုင်သူတွေနားမှာ နေပြီး သူတို့ရဲ့ သင့်အပေါ် အလိုမကျမှုတွေကို နားထောင်ဖို့ သူတို့အနားမှာ ဘာလို့ စိတ်ဆင်းရဲခံပြီး နေနေမှာလဲ။

 

၅။ သင့်ရဲ့ အမှားတွေကို ခွင့်မလွှတ်နိုင်သူ

လူတိုင်းက အမှားလုပ်တတ်ကြတာပါပဲ။ အမှားကနေ အမှန်ပြင်မယ်ဆိုရင် အားပေးရမှာပါ။ အဲဒီလိုမဟုတ်ဘဲ သင့်အမှားကို အမြဲထောက်ပြီး အနိုင်ယူနေသူဆိုရင်တော့ အဲဒီလိုလူမျိုးကို လျစ်လျူရှုသာ ထားလိုက်ပါတော့။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ