Relationships: တစ်ကိုယ်တည်း နေရတာ အဆင်ပြေသွားပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ရပ်

တချို့လူတွေက တစ်ယောက်တည်း မနေတတ်ကြပါဘူး။

play

 

အနားမှာ ရည်းစားတစ်ယောက် အမြဲရှိနေဖူးသူတွေက တစ်ယောက်တည်းနေရမှာ ပိုပြီး ကြောက်ရွံ့တတ်ကြပါတယ်။ အဲဒါကြောင့် အဆင်မပြေတဲ့ အချစ်ရေးကို ဖက်တွယ်ထားတတ်ကြတယ်။ ရည်းစားနဲ့ ပြတ်သွားချိန်မှာ စိတ်လေလွင့်နေတတ်ကြတယ်။ ဒါပေမဲ့ အောက်ဖော်ပြပါ အခြေအနေ ရောက်သွားပြီဆိုရင်တော့ သင်ဟာ တစ်ကိုယ်တည်းနေရတာကို ဘယ်လိုမှ မခံစားရတဲ့အပြင် ပျော်ရွှင်မှုပါ ရရှိပါလိမ့်မယ်။

၁။ အပြင်ထွက်တိုင်း ကိုယ့်ကို သဘောကျမယ့်သူ တွေ့လေမလားလို့ မရှာဖွေတော့ဘူး။

၂။ သူငယ်ချင်းစုံတွဲတွေ ကြားမှာ နေရတာ ဘယ်လိုမှ မခံစားရတော့ဘူး။

play

 

၃။ သူငယ်ချင်းစုံတွဲတွေ ပျော်ရွှင်နေတာကို မုဒိတာ ပွားနိုင်ပြီ။

၎။ တွေ့တဲ့သူတိုင်းကို ကိုယ့်ချစ်သူ ဖြစ်လာနိုင်တယ်လို့ မတွေးဘူး။

၅။ ပျော်ရွှင်နေတဲ့ စုံတွဲတွေကို မြင်တွေ့ချိန်မှာ အမြင်ကတ်တဲ့စိတ် မဖြစ်တော့ဘူး။

၆။ ကိုယ့်အတွက် ဝမ်းနည်းမိတာမျိုး မဖြစ်တော့ဘူး။

play

 

၇။ ကိုယ်တစ်ယောက်တည်းနေရတာ၊ ကိုယ်တစ်ယောက်တည်း အပြင်ထွက်ရတာကို နှစ်သက်လာတယ်။

၈။ ဘေးနားမှာ တစ်ယောက်မှ မရှိတဲ့အခါ ကြောက်ရွံ့အားငယ်စိတ် မခံစားရတော့ဘူး။

၉။ အထီးကျန်သလို ခံစားရတဲ့အခါ ရည်းစားတစ်ယောက် အသည်းအသန်လိုချင်စိတ် မဖြစ်တော့ဘူး။

၁၀။ အပျိုကြီး/လူပျိုကြီးလို့ အခေါ်ခံနိုင်သွားပြီ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ