Relationships: ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို စကားပြောမယ်ဆိုရင်

သူ့အကြောင်းကို များများနားထောင်ပါ။ သူပြောတာကို များများနားထောင်ပါ။

 

၁ - အပြုအမူ

ယဉ်ကျေးတဲ့ အပြုအမူကို အသုံးပြုပါ။ တံခါးဖွင့်ပေးပြီး အရင်သွားပါလို့ ပြောတဲ့ အပြုအမူမျိုးဟာ သင်က သိမ်မွေ့ပြီး လူကြီးလူကောင်းဆန်ကြောင်း ပြတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအပြုအမူမျိုး လုပ်ပြီးတဲ့အခါမှာ သူ့ဘက်က ထူးဆန်းတဲ့ အကြည့်မျိုး ကြည့်တယ်ဆိုရင် သင့်အမူအရာက နည်းနည်းပိုသွားတဲ့ဘက်ကို ရောက်သွားပါတယ်။

၂ - သူ့ကို ဦးစားပေးပါ

 

သင့်အကြောင်း သင်ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဖြတ်ခနဲလောက်ပဲ ပြောပါ။ သူ့အကြောင်းကို များများနားထောင်ပါ။ သူပြောတာကို များများနားထောင်ပါ။

၃ - စာဖတ်

 

အချိန်ပေးပြီး စာဖတ်ပါ။ စာအုပ်မဖတ်နိုင်ရင်တောင် နေ့စဉ်သတင်းစာကို နေ့တိုင်းဖတ်ပါ။ အချက်အလက်အချို့နဲ့ လက်ရှိခေတ်စားနေတာတွေကို တီးမိခေါက်မိရှိထားတာကြောင့် စကားပြောစရာ မရှားပါဘူး။ မိန်းကလေးတစ်ယောက် စိတ်ဝင်စားအောင် လုပ်နိုင်မယ့် အခွင့်အရေး ပိုများပါတယ်။

၎ - အခြေအနေကြည့်

 

သူ့ဘက်က လိုလားတဲ့အရိပ်အယောင်ရှိတယ်ဆိုရင် နှစ်ယောက်တည်းတွေ့နိုင်မယ့် လှုပ်ရှားမှုမျိုးလုပ်ပါ။

၅ - အခွင့်အရေးယူ

 

ပြောသင့်တဲ့ အချိန်မှာ ဖွင့်ပြောပါ။ ဒီလိုမှမဟုတ်ရင်တော့ အကောင်းဆုံးသူငယ်ချင်းအဖြစ်နဲ့ အဆုံးသတ်ရပါလိမ့်မယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ