Relationships: လူမမာရင်သွေးအတွက် ဖခင်တစ်ဦးရဲ့မေတ္တာ

ညလုံးပေါက်အလုပ်လုပ်ပြီး ကလေးရှိရာတန်းပြီးလာခဲ့တဲ့ အရမ်းကိုချစ်ဖို့ကောင်းပြီး ဂရုစိုက်တတ်တဲ့ ခင်ပွန်းမို့လို့ပါ

play

 

ဆေးရုံတက်နေရတဲ့ လူမမာသားငယ်ရဲ့ ကုတင်အောက်ကြမ်းပြင်မှာ အခင်းမပါဘဲ ကွေးကွေးလေး လဲလျောင်းနေတဲ့ဖခင်တစ်ဦးရဲ့ပုံဟာ ဖေ့စ်ဘွတ်ပေါ်မှာ မျှဝေသူများပြားလာပါတယ်။

play

 

Amy Palmer ဆိုတဲ့ အမျိုးသမီးက သူမခင်ပွန်းသည်ရဲ့အဖြစ်ကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တာပါ။ သူတို့ရဲ့သားလေးက ပန်းနာရင်ကြပ်ရောဂါကြောင့် ဆေးရုံတင်ထားရစဉ် လူနာစောင့်နေတဲ့ဖခင်က ကုတင်အောက်လေးမှာ လဲလျောင်းနေတာလို့သိရပါတယ်။

play

 

" တခြားယောက်ျားတွေ ကြမ်းပြင်မှာလဲလျောင်းနေတာ ကျွန်မ အများကြီးမြင်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားကျတော့ ညလုံးပေါက်အလုပ်လုပ်ပြီး ကလေးရှိရာတန်းပြီးလာခဲ့တဲ့ အရမ်းကိုချစ်ဖို့ကောင်းပြီး ဂရုစိုက်တတ်တဲ့ ခင်ပွန်းမို့လို့ပါ" လို့ အေမီက ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

အန်ဒရီဆိုတဲ့အမျိုးသားဟာ စပျစ်ခင်းမှာ ည ၁၁ နာရီကနေ မနက် ၇ နာရီအထိ အလုပ်လုပ်ရပါတယ်။ အလုပ်ကအပြန်မှာ ကလေးရှိရာကို တန်းတန်းမတ်မတ်လာရောက်ခဲ့ပြီး ခတ္တလဲလျောင်းအိပ်စက်ခဲ့တာပါ။ အန်ဒရီရဲ့ပုံဟာ လူမှုကွန်ရက်တွေကိုသာမက သတင်းဌာနတွေမှာပါ ရေးသားဖော်ပြခြင်းခံလာရပါတယ်။

Source : ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ