Relationships: ရည်းစားဟောင်းကို သူငယ်ချင်းလိုဆက်ပြီးခင်သင့်တဲ့ အကြောင်းရင်း (၈) ခု

ထားခဲ့ဖူးသမျှရည်းစားတိုင်းကိုတော့ မဟုတ်ဘူးပေါ့။ တကယ်ကောင်းတဲ့လူဆိုရင် သူငယ်ချင်းအဖြစ်နဲ့ ဆက်ပြီးရင်းနှီးရတာ ကောင်းပါတယ်။

play

 

ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ်မပြောနဲ့ ကိုယ့်မျက်စိရှေ့မှာတောင် မမြင်ချင်တော့တဲ့လူ များပါတယ်။ ကိုယ့်အပေါ်မကောင်းခဲ့သူကို ဆက်ပြီးပတ်သက်ရမယ်လို့တော့ မဆိုလိုပါဘူး။ သူ့ကို ချစ်သူအနေနဲ့ မပတ်သက်တော့ပေမယ့် ကောင်းတဲ့လူသာဆိုရင် သူငယ်ချင်းမိတ်ဆွေကောင်းတွေအဖြစ်နဲ့လည်း ဆက်ပြီးရင်းနှီးသွားလို့ရပါတယ်။ ရည်းစားဟောင်းကို မိတ်ဆွေလိုဆက်ပြီး ခင်မင်နေသင့်တဲ့အကြောင်းရင်းတွေတော့ အများကြီးပါပဲ။

၁။ တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်က အရေးပါသူအဖြစ်နဲ့ ကဏ္ဍများစွာမှာ ပါဝင်ခဲ့ဖူးကြပါတယ်။ အပြန်အလှန် နားလည်မှုတွေ၊ ဖေးမမှုတွေရှိခဲ့မယ်သာဆိုရင် ရည်းစားဟောင်းကို မိတ်ဆွေအဖြစ်နဲ့လည်း ဆက်ပြီးခင်မင်လို့ရတာပဲမဟုတ်လား။

၂။ လမ်းခွဲလိုက်ကြတယ်ဆိုရုံနဲ့တော့ လူကောင်းက လူဆိုးဖြစ်မသွားပါဘူး။ သူသာ တကယ့်လူကောင်းဆိုရင် သူငယ်ချင်းလိုဆက်ပြီးရှိနေကြတာ ကောင်းပါတယ်။

play

 

၃။ သူငယ်ချင်းအဖြစ်ကနေ ရည်းစားတွေအဆင့်တိုးလာ နောက်တော့လမ်းခွဲလိုက်ကြသူတွေအဖို့ သူငယ်ချင်းဘဝကို ပြန်ဖန်တီးဖို့လည်း စဉ်းစားသင့်ပါတယ်။

၎။ တစ်ဦးတစ်ယောက်ကို ချစ်သူလိုမဟုတ်ဘဲ နှစ်သက်သဘောကျခွင့်လည်း ရှိသေးတယ်လေ။ သူနဲ့ကိုယ် ဝါသနာတူတယ်ဆိုရင်လည်း ဘော်ဒါကောင်းတွေအဖြစ်နဲ့ ဆက်ပြီး ရင်းနှီးခွင့်ရှိပါတယ်။

၅။ နှစ်ယောက်အတူပျိုးထောင်ခဲ့ကြတဲ့ ကိစ္စတစ်ခုခုရှိတယ်ဆိုရင်လည်း မရပ်တန့်လိုက်ပါနဲ့။ ဥပမာ ပရဟိတလုပ်ငန်းတွေလိုမျိုးပေါ့။

play

 

၆။ တစ်ယောက်အကြောင်း တစ်ယောက်က ကောင်းကောင်းသိနေကြတယ်။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းလိုဆက်ပြီးရှိနေကြတာ မကောင်းဘူးလား။ တိုင်ပင်ရင်ဖွင့်ဖို့ သူငယ်ချင်းအသစ်တွေရှာနေရတာထက်စာရင် သူ့ကိုပဲ သူငယ်ချင်းလိုဆက်ပြီးရင်ဖွင့်တိုင်ပင်လိုက်တာလည်း ကောင်းပါတယ်။

၇။ တစ်ခါတစ်လေမှာ ချစ်သူဟောင်းကို ဆက်ပြီးမချစ်နိုင်တော့ပေမယ့် လက်လွှတ်လိုက်ဖို့ ခက်ခဲတဲ့ အခိုက်အတန့်တွေလည်းရှိပါတယ်။ သူနဲ့ချစ်သူအဖြစ် ရှိနေခဲ့စဉ်က ကိုယ့်ကို ဘယ်လိုအခြေအနေမျိုးမှာမဆို ပျော်အောင်ထားခဲ့သူဆိုရင် ပိုပြီးလက်လွှတ်ဖို့ခက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆက်ပြီးချစ်ခွင့်မရှိပေမယ့် ဒါမှမဟုတ် မချစ်ချင်တော့ပေမယ့် ဘဝထဲကထုတ်မပစ်ချင်ဘူးဆိုရင် သူငယ်ချင်းကောင်းတွေလိုပဲ ရှေ့ဆက်ကြတာပေါ့။

play

 

၈။ အသိုင်းအဝိုင်းနှစ်ခု ရင်းနှီးနေကြတယ်ဆိုရင်လည်း သူငယ်ချင်းအဖြစ်နဲ့ ဆက်ပြီးရှိနေသင့်ပါတယ်။ မိဘတွေ၊ သူငယ်ချင်းတွေကြားထဲမှာ နှစ်ယောက်သား ချစ်သူအဖြစ်နဲ့မဟုတ်တော့ပေမယ့် သူငယ်ချင်းလိုသက်တောင့်သက်သာ နေလို့ရတာပေါ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ