Relationships: လက်ရှိတွဲနေတဲ့ကောင်မလေးကို စိတ်ကုန်နေကြောင်း သိနိုင်မယ့်အချက် (၈) ချက်

ဒါတွေအားလုံးဖြစ်နေရင်တော့ လမ်းခွဲလိုက်တာပဲ ကောင်းပါတယ်။

play

 

၁။ အမြဲတမ်းပြဿနာဖြစ်နေတယ်

စုံတွဲတွေ ရန်ဖြစ်စကားများတာ မဆန်းပါဘူး။ ဒါပေမဲ့ ဘာကိစ္စပဲဖြစ်လာဖြစ်လာ သေးသေးမွှားမွှားကအစ ရန်ဖြစ်နေကြပြီဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမြဲတမ်းရန်ဖြစ်နေတယ်ဆိုရင်လည်း ပြုပြင်လို့ရပါတယ်။ ကိစ္စတိုင်းက ရန်ဖြစ်စရာတွေဖြစ်နေပြီဆိုရင်တော့ စိတ်ပျက်လာတာပါပဲ။

play

 

၂။ အလုပ်ကိုပဲ ပိုပျော်လာတယ်

ချစ်သူကို ဘေးမှာထားပြီး ကြည်နူးရတာ လူတိုင်းကြိုက်ပါတယ်။ ဒါပေမဲ့ ခေါင်းထဲမှာ ကိုယ့်ရဲ့မိန်းကလေးအကြောင်း မတွေးမိတော့ဘဲ အလုပ်ထဲမှာပဲ အချိန်ကုန်ဆုံးတာ များသထက်များလာပြီဆိုရင်တော့ သူမအပေါ် စိတ်ဝင်စားမှုနည်းလာပါပြီ။

play

 

၃။ သူဘာလုပ်လုပ် စိတ်မဝင်စားတော့ဘူး

ကောင်းတာတွေဖြစ်ဖြစ် ဆိုးတာတွေဖြစ်ဖြစ် ဖြစ်ချင်တာဖြစ်ပလေ့စေ စိတ်ကိုမဝင်စားတော့ဘူး။ ဂရုမစိုက်ချင်တော့ဘူးဆိုရင်တော့ သူမကို စိတ်ကုန်သွားတာ သေချာပါတယ်။ အနည်းဆုံးတော့ သူမက နောက်လူနဲ့တွေ့နေတာတို့၊ နေမကောင်းဖြစ်တာမျိုးတို့ကို စိတ်ဝင်စားသင့်တယ်မဟုတ်လား။

play

 

၎။ ချစ်မှုရေးရာတွေကအစ စိတ်မပါတော့ဘူး

ယောက်ျားတွေအဖို့ မိန်းကလေးတစ်ယောက်ကို ချစ်မိရင် လိင်ပိုင်းဆိုင်ရာကိုကအစ စိတ်ဝင်စားတာ သဘာဝပါပဲ။ ပါးလေးနမ်းရတာကနေ အိပ်ယာထဲအထိ သူမကိုအလိုရှိပါတယ်။ အတူရှိနေချိန်မှာတောင် ဒါတွေကို စိတ်မဝင်စားတော့ဘူးဆိုရင်တော့ သင်လိုအပ်တာ အခြားအမျိုးသမီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

play

 

၅။ ဘော်ဒါတွေနဲ့ပဲ တွေ့ချင်နေတယ်

ရည်းစားကို စိတ်ကုန်စပြုနေချိန်ဟာ ဘော်ဒါတွေနဲ့ အချိန်ဖြုန်းလို့ အကောင်းဆုံးပါပဲ။ အားအားရှိ ဘော်ဒါတွေနဲ့ဆုံပြီး ကဲဖို့လောက်သာ တွေးနေမိတယ်ဆိုရင်တော့ သင့်အတွက် သူမ မလိုအပ်တော့ပါဘူး။

play

 

၇။ အနာဂတ်အတွက် ရည်မှန်းချက်မရှိဘူး

ရှေ့ဆက်ပြီး လက်တွဲသွားဖို့ဆိုရင် ကြိုတင်စဉ်းစားတာတွေ ပြင်ဆင်တာတွေရှိရမှာပါ။ စိတ်ကူးလေးတောင်မှ မရှိဘူးဆိုရင်လည်း သူမနဲ့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ ဆက်တွဲနေရင် ပြဿနာတက်ပြီး စိတ်ညစ်ရုံပဲရှိမှာပါ။

play

 

၈။ တခြားလူတွေ့လာပြီ

သူမထက် ပိုချစ်ရမယ့်လူ တွေ့သွားပြီဆိုရင်တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါတော့မယ်။ နှစ်ဖက်လုံးကို မပြတ်မသားတော့မလုပ်ပါနဲ့။ သေသေချာချာ စဉ်းစားဆင်ခြင်ပြီးရင်တော့ တစ်ယောက်ကိုရွေးမှဖြစ်မှာပါ။

Source : Men's Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ