Relationships: အဆက်ဟောင်းကို သတိရရင် လုပ်သင့်တဲ့ အချက် (၆) ချက်

အဆက်ဟောင်းကို သတိရနေမိပြီဆိုရင် ဒါတွေကိုသာ လုပ်ကြည့်လိုက်ပါ။

play

 

သံယောဇဉ်ဖြတ်ဖို့ ကြိုးစားခဲ့ပြီးပြီဖြစ်တဲ့ အဆက်ဟောင်းနဲ့ ပြန်ပြီး ဆက်သွယ်နိုင်မယ့် အခြေအနေမျိုး တစ်ခါတစ်ရံမှာ ရလာတတ်ကြပါတယ်။ တကယ်တော့ အဆင်မပြေတာတွေ ရှိခဲ့လို့သာ ကျောခိုင်းခဲ့ရသူတွေချည်းပါပဲ။ အားလုံးအဆင်ပြေနေရင် လမ်းခွဲဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။

အဆက်ဟောင်းနဲ့ ပြန်ဆက်ချင်လာပဲဖြစ်ဖြစ်၊ သူပြန်ဆက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ဖြစ် အဲဒီလိုလုပ်မယ့် အခုဖော်ပြမယ့် အချက်တွေကိုသာ လုပ်ကြည့်တာ သင့်အတွက် အကောင်းဆုံး ဖြစ်မှာပါ။

၁။ ဝါသနာနာသစ် တစ်ခုခုရှာကြည့်

play

 

ဘာသာစကားသစ် တစ်ခုခုသင်တာမျိုးပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုခု သင်တာမျိုးပဲ ဖြစ်ဖြစ်လုပ်ကြည့်ပါ။ လုပ်မယ့်ဆိုတာကိုလည်း စာအုပ်ထဲမှာ အကြိမ် ၁၀၀ လောက် ချရေးလိုက်ပါ။ ဖေ့စ်ဘွတ်မှာပဲ ဖြစ်ဖြစ်ပေါ့။

၂။ သူ့ဖုန်းကို ဘလော့ထား

ဒါအရေးကြီးပါတယ်။ သူဖုန်းဆက်တိုင်း သင့်ရဲ့စိတ် ပြန်မလည်သွားစေဖို့ သူ့ဖုန်းကို စောစောစီးစီး ဘလော့ထားလိုက်ပါ။

၃။ များများအိပ်

play

 

သင်က Single တစ်ယောက်ဖြစ်နေပါပြီ။ သင်များများအိပ်လို့ရပါတယ်။ အိပ်ခွင့်လည်းရှိပါတယ်။ အလုပ်ကိုသာ မထိခိုက်ဘူးဆိုရင် အိပ်ဖို့အတွက်သာ အချိန်ပေးပါ။

၎။ ကောင်းတာတွေစား

အရင်စားမယ်ဆိုပြီး အချိန်မရလို့ပဲဖြစ်ဖြစ် အခြေအနေမပေးလို့ပဲ ဖြစ်ဖြစ်မစားခဲ့ရတာတွေ ပြန်စဉ်းစားကြည့်ပါ။ မသွားဖြစ်ခဲ့တဲ ဆိုင်တွေလည်း ပြန်စဉ်းစားကြည့်ပါ။ စားချင်စိတ်ပေါ်လာပြီဆို ချက်ခြင်းထသွားလိုက်ပါ။

၅။ သူနဲ့ ပတ်သတ်တွေ တစ်ခုမှ မထားနဲ့

play

 

သူနဲ့ ပတ်သတ်ခဲ့တဲ အမှတ်တရတွေ သင့်ဆီမှာ မထားပါနဲ့တော့။ ဓာတ်ပုံတွေ၊ လက်ဆောင်တွေ အားလုံးကို ဝေးရာသာ ပို့လိုက်ပါ။ လက်စဖျောက်လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

၆။ တစ်ခုခု ထူးခြားတာလုပ်

ဆံပင်အရောင်ပြောင်လိုက်တာပဲဖြစ်ဖြစ်၊ အဝတ်အစားဝတ်ပုံ ပြောင်းလဲလိုက်တာပဲ ဖြစ်ဖြစ် တစ်ခုခု အသစ်ဖြစ်သွားအောင် ကြိုးစားကြည့်ပါ။ သင်လည်းစိတ်သစ်လူသစ်ဖြစ်လာပါလိမ့်မယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ