Relationships: တွဲမိပေမဲ့ လက်မထပ်သင့်တဲ့ မိန်းကလေး (၃)မျိုး

သင်တို့နှစ်ဦးသား ဆက်ဆံရေးမှာ သင်က ဘာမှမဟုတ်ဘဲ သူ့နောက်လိုက်သာ ဖြစ်ပါတယ်။

play

 

၁ - လိုအပ်သူ

တစ်ခုခုကို အမြဲလိုအပ်နေတဲ့ မိန်းကလေးမျိုး ဖြစ်ပါတယ်။ သူ့ရဲ့လိုအပ်ချက်တွေက အဆုံးသတ်တယ်ဆိုတာ မရှိပါဘူး။ သင်ချစ်တယ်ဆိုတာ သေချာကြောင်းလည်း သူကျေနပ်အောင် အမြဲပြသနေရပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင် တစ်ချိန်လုံးဖုန်းဆက်ပါမယ်။ ကိုယ်ပိုင်ပုံစံမရှိဘဲ တစ်ခုခုလိုအပ်နေတယ်လို့ အမြဲခံစားနေရသူ ဖြစ်ပါတယ်။

၂ - ဆရာကြီး

အမြဲတမ်း အထက်စီးလေသံနဲ့ ပြောပါတယ်။ လူကြားထဲမှာ ဆရာကြီး စတိုင်နဲ့ နေပါတယ်။ ဆုံးဖြတ်ချက်တွေအားလုံးကို သူက ချမှတ်မှာ ဖြစ်ပါတယ်။ သူ့ကြောင့် သင်သူငယ်ချင်းတွေနဲ့ ဝေးလာပါမယ်။ သင်တို့နှစ်ဦးသား ဆက်ဆံရေးမှာ သင်က ဘာမှမဟုတ်ဘဲ သူ့နောက်လိုက်သာ ဖြစ်ပါတယ်။ သင်တို့ ဆက်ဆံရေး အခြေအနေကိုလည်း သူငယ်ချင်းတွေက သတိပြုမိသွားပြီး သင့်အပေါ်လေးစားမှု မရှိတော့ပါဘူး။

play

 

၃ - ဆိုက်ကို

ဒီလိုမိန်းကလေးတွေဟာ ရုပ်ရည်ချောမောသူတွေ ဖြစ်တတ်ပါတယ်။ သူ့အလှကြောင့် သင်က အားလုံးကို ခွင့်လွှတ်နိုင်နေပါမယ်။ သူ့မှာ ဘာမှန်းမသိတဲ့ စိတ်ခံစားချက်တွေ အမြဲရှိနေပါတယ်။ ဒေါသတွေ အကြီးအကျယ်ထွက်နေရာကနေ ချက်ချင်းဘဲ သူမဟုတ်တဲ့အတိုင်း ဖြစ်သွားပါတယ်။ သင့်ကိုဖက်နေရာကနေ ချက်ချင်းကိုက်ဆွဲတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ မူမမှန်သူတွေ ဖြစ်တတ်ပြီး လောကကြီးဆီက သူတို့ရသင့်သလောက် မရဘူးလို့ အမြဲထင်နေသူတွေ ဖြစ်ပါတယ်။

Photos & Source: about.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ