Relationships: အနိုင်ကျင့်တဲ့ ရည်းစားဟောင်းဆီက ရနိုင်တဲ့ အကောင်းဆုံး သင်ခန်းစာ (၇) ခု

, updated

အတွေ့အကြုံဆိုးတွေဟာ သင်ခန်းစာယူစရာ အကောင်းဆုံး ဖြစ်ပါတယ်။

play

 

အနိုင်ကျင့်ခံရတဲ့ ဆက်ဆံရေး၊ ကိုယ်ကချည်းသာ အလျှော့ပေးရတဲ့ ဆက်ဆံရေးမျိုးဆိုတာ ချစ်သူသမီးရည်းစား ဆက်ဆံရေးမှာလည်း ရှိတတ်သလို၊ အိမ်ထောင်သည်တွေ ကြားထဲမှာတောင် ရှိတတ်ကြပါတယ်။ အများအားဖြင့်တော့ အနိုင်ကျင့်ခံရတယ်ဆိုတဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးကို ရည်ညွှန်းတာမျိုးပါ။

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ရှာဖွေရတဲ့ အရာဖြစ်ပါတယ်။ ကိုယ်အနိုင်ကျင့်ခံရပြီ ထိန်းချုပ်ခံရပြီလို့ ယူဆရင်တော့ အဲဒီနေရာက ထွက်လာလိုက်ဖို့ပဲ ရှိပါတယ်။ အတိတ်မှာ ကိုယ့်ကိုအနိုင်ကျင့်ခဲ့တဲ့ ရည်းစားဟောင်းဆီက သင်ရနိုင်တဲ့ သင်ခန်းစာ ၇ ခုရှိပါတယ်။

၁။ စိတ်ထား ကောင်းရန်လိုခြင်း

play

 

စိတ်ထားကောင်းခြင်းက ဘာနဲ့မှ ယှဉ်လို့မရတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ပျော်စရာနဲ့ ငြိမ်းချမ်းရာကို အပြင်မှာ ရှာမယ့်အစား ကိုယ့်ရဲ့အတွင်းစိတ်ကို ငြိမ်းချမ်းအောင် အရင်ထားရမှာပါ။ ဒီတော့ သင်စိတ်ထားကောင်းဖို့လိုပါတယ်။ သူ့ကြောင့် သင်စိတ်ထားကောင်းတဲ့သူဆိုတာ ပိုပြီးပေါ်လွင်လာတော့တာပါပဲ။

၂။ မေတ္တာထားခြင်း

စိတ်ထားကောင်းသူတွေက သူတစ်ပါးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်စေဖို့ ဆန္ဒမရှိပါဘူး။ မေတ္တာပဲ ထားတတ်ကြပါတယ်။ သူ့ကြောင့် သင် သူတစ်ပါးကို မေတ္တာပိုထားတတ်လာတယ်လို့ တွေးကြည့်ပါ။

၃။ ယုံကြည်ရာကို လုပ်ခြင်း

ကိုယ်ယုံကြည်ရာ ဘာလဲဆိုတာကို တွေးပြီိး လုပ်မှသာ ပတ်ဝန်ကျင်က လူတွေအားလုံးအတွက် ကောင်းမယ်ဆိုတာ သူမရှိတဲ့နောက် သင်ပိုပြီး သိလာမှာပါ။

၎။ လက်စားမချေခြင်း

play

 

လက်စားချေတာ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ သူနဲ့ဝေးရာမှာ သင်နေလိုက်တဲ့အခါ လက်စားချေဖို့လည်း တွေးမိမှာ မဟုတ်တော့ပါဘူး။

၅။ အကောင်းမြင်ခြင်း

အနည်းဆုံးတော့ သင့်ဘဝကို အသစ်ပြန်စနိုင်သေးတယ်ဆိုတာမျိုး တွေးကြည့်ပါ။ သူ့ကြောင့်ပဲ ဒီလိုအကောင်းမြင်စိတ်တွေ ရှိလာတယ်လို့ စိတ်ထဲမှာ တွေးထားပါ။

၆။ အရာရာတိုင်းက သင်ခန်းစာယူတက်ခြင်း

သူနဲ့ ပတ်သတ်ခဲ့သမျှဟာ သင့်အတွက် အရာရာ သင်ခန်းစာ ယူစရာချည်းပဲဆိုရင် သင်ရမယ့် သင်ခန်းစာတွေဟာ အများကြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကပဲ သင့်ကို ပိုပြီး ရင့်ကျက်စေမှာပါ။

၇။ ကိုယ့်ကိုကိုယ် ချစ်တက်လာခြင်း

play

 

ကိုယ့်ကိုကိုယ် ချစ်ဖို့ကလည်း အရေးကြီးတယ်ဆိုတာ သင်ပိုသိလာပါလိမ့်မယ်။ သင့်ကိုယ်သင် ချစ်တဲ့စိတ်ရှိမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာပါ။

Source : Elite

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ