Relationships: ရွယ်တူသူငယ်ချင်းတွေ ကလေးရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၇) ခု

အတွေးမျိုးစုံ ဝင်လာပါတယ်။

play

 

ကိုယ်က အိမ်ထောင်ပြုဖို့တောင် မစဉ်းစားသေးချိန် ကိုယ်နဲ့သက်တူရွယ်တူတွေ ကလေးရနေပြီဆိုတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး အတွေးမျိုးစုံ ဝင်လာပါတော့တယ်။

၁။ ဘာ.. အခုမှ ငယ်ငယ်လေးရှိသေးတယ်

ငါ့အသက် တော်တော်ကြီးသွားပြီလား။ အသက် ၂၀ ကျော်နဲ့ ကလေးတွေရကုန်ကြပြီ။ ငါပဲ နောက်ကျကျခဲ့တာလား။

play

 

၂။ ငါတို့တွေ အရင်လို လျှောက်လည်ဖို့ အဆင်ပြေပါတော့မလား

သူက ကလေးတို့လို့တွဲလောင်းနဲ့ဆိုတော့ အရင်လို လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူး။ ကြာရင်တော့ ငါတစ်ယောက်တည်း ဖြစ်တော့မှာပါပဲ။

၃။ ငါ့ကို အရမ်းကြိုက်ခဲ့တဲ့ ကျောင်းတုန်းက တစ်ယောက်ဆီ ဖုန်းဆက်ရကောင်းမလား

တကယ်တော့ သူ့နာမည်တောင် မသိတော့ဘူး။ ဒါပေမဲ့ သူများက ကလေးရချိန်မှာ ငါက လက်ထပ်ဖို့ လူတစ်ယောက်တော့ ရွေးချယ်သင့်နေပြီလေ။

၎။ တိရစ္ဆာန်တွေ မွေးမယ်

အိမ်ထောင်ပြုဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ ကြောင်မွေးရကောင်းမလား၊ ခွေးမွေးရကောင်းမလား။

play

 

၅။ လက်ဆောင်တွေ ဝယ်ပေးရဦးမယ့် သဘောလား

သူငယ်ချင်းအတွက် မင်္ဂလာလက်ဖွဲ့လည်း ပေးခဲ့ရပြီးပြီ။ ကလေးကင်ပွန်းတပ်၊ ကလေးမွေးနေ့ လက်ဆောင်တွေအတွက် ဝယ်ပေးရဦးတော့မယ်။

၆။ သူနဲ့ငါနဲ့ အရင်လို တရင်းတနှီးရှိပါတော့မလား

သူ့မှာက သူ့အပူနဲ့သူ ဖြစ်သွားပြီလေ။ အိမ်အလုပ်တွေ၊ ကလေးအလုပ်တွေနဲ့ ကိုယ့်ကို ဂရုမစိုက်နိုင်တော့သလို အရင်လို ကိုယ့်အကြောင်းကို နားထောင်ပေး၊ အကြံဉာဏ်ပေးနိုင်တော့မှာ မဟုတ်ဘူး။

play

 

၇။ သနားစရာကောင်းလိုက်တာ

သူ ညဘက်တွေ ကောင်းကောင်း အိပ်ရတော့မှာမဟုတ်ဘူး။ ကလေးရဲ့ ဒုက္ခတွေနဲ့ အမြဲဗျာများနေရတော့မယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ