Relationships: လက်ရှိတွဲနေတဲ့လူဆီက မိန်းကလေးတွေ မျှော်လင့်တဲ့ အချက် (၈) ချက်

အလုပ်တွေရှုပ်နေတယ်ဆိုပြီး မလိမ်ပါနဲ့။ ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။

play

 

၁ - ခေါ်မယ်ဆို ခေါ်

ဒီအချိန်မှာ ဖုန်းခေါ်မယ်ဆိုရင် ဒီအချိန်မှာ တကယ်ဖုန်းခေါ်စေချင်ပါတယ်။ အနည်းဆုံးတော့ ဘာကြောင့် ဖုန်းမခေါ်တော့ဘူးဆိုတဲ့ မက်ဆေ့ဂ်ျကို လိုချင်ပါတယ်။

၂ - စိတ်ဝင်စားပါ

တွေ့တိုင်း ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေတာမျိုးက မကောင်းပါဘူး။  အရေးကြီးဆုံးက စိတ်ဝင်စားမှုကို မျှော်လင့်တာပါ။ စိတ်ဝင်စားလို့တွဲတာပဲ ဆိုပေမဲ့ လူကိုမကဘဲ ဘဝကိုပါ စိတ်ဝင်စားစေချင်တာပါ။

play

 

၃ - ရိုးသားပါ

စိတ်တွေမကြည်ရင် မကြည်ဘူးပြောပါ။ တစ်ယောက်တည်းနေချင်တယ်ဆိုလည်း ခဏလောက် တစ်ယောက်တည်းနေချင်ကြောင်းပြောပါ။ အလုပ်တွေရှုပ်နေတယ်ဆိုပြီး မလိမ်ပါနဲ့။ ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။

၎ - ကတိတည်ပါ

အစီစဉ်ဆွဲပြီးသွားရင် မဖျက်ပါနဲ့။ ကတိပေးပြီးရင် တည်ပါ။

၅ - ဦးဆောင်မှု

ဦးဆောင်တတ်တဲ့ စိတ်ရှိတာကို သဘောကျပါတယ်။

play

 

၆ - သပ်ရပ်ပါ

လူကြားထဲ ထင်ပေါ်စရာမလိုပါဘူး။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်ရှိတာကို သဘောကျပါတယ်။

၇ - အချိန်

မနက် ၂ နာရီလောက် အချိန်မှာ အကြောင်းမရှိဘဲ  ဖုန်းဆက်တာမျိုး သဘောမကျပါဘူး။

၈ - ယုံကြည်မှု

ကိုယ်တွဲတဲ့ကောင်လေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ ဖြစ်စေချင်ပါတယ်။

Photos & Source: Huffington Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ