Relationships: ၇၁ နှစ်အဘွားနဲ့ ၁၇ နှစ်အရွယ်သတို့သားတို့ရဲ့ ဖူးစာ

ဖူးစာဆိုတာ တကယ်ပဲဆန်းကြယ်လွန်းပါတယ်။

play

 

အယ်လ်မီဒါ အာရယ်အတွက် အချစ်ကိုထပ်မံဆုံတွေ့ရလိမ့်မယ်လို့ နည်းနည်းမှ မထင်ခဲ့ပါဘူး။ တကယ်တမ်းဆုံလာပြန်တော့လည်း  မြင်မြင်ချင်းကို ချစ်မိသွားခဲ့ရပါတယ်။

play

 

အယ်လ်မီဒါက အသက် ၇၁ နှစ်မှာ သူမရဲ့ခင်ပွန်းဖြစ်လာမယ့် ဂယ်ရီ ဟာ့ဒ်ဝစ်ကို ဆုံခဲ့ပါတယ်။ သူမရဲ့သားကြီး ရောဘတ်ရဲ့ အသုဘမှာ ဂယ်ရီနဲ့ဆုံခဲ့စဉ်က ဂယ်ရီဟာ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။ နောက်ထပ် သီတင်းသုံးပတ်အကြာမှာတော့ သူတို့နှစ်ဦး လက်ထပ်ဖြစ်သွားခဲ့ပါတယ်။

play

 

ဂယ်ရီနဲ့ အယ်လ်မီဒါတို့ကို ရောဘတ်ရဲ့ဇနီးက မိတ်ဆက်ပေးခဲ့တာပါ။ စတင်သိကျွမ်းပြီးချိန်ကတည်းက အယ်လ်မီဒါအကြောင်းကို အမြဲလိုလို စဉ်းစားနေခဲ့မိတယ်လို့ဆိုပါတယ်။ အဲ့ဒီကစလို့ နှစ်ယောက်သား ညတိုင်းလိုလိုတွေ့ဖြစ်ကြပြီး နှစ်ပတ်အကြာမှာ ဂယ်ရီက အယ်လ်မီဒါကို လက်ထပ်ခွင့်တောင်းလိုက်ကာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့ကြပါတော့တယ်။ ကုန်တိုက်တစ်ခုရဲ့ဝန်ထမ်းသာဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် အယ်လ်မီဒါကို ဂယ်ရီက အချစ်စစ်နဲ့ချစ်လို့သာ လက်ထပ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ