Relationships: မိန်းကလေးတွေနဲ့ပက်သက်ရင် သင့်မှာရှိနေတဲ့ အားနည်းချက် (၈) ချက်

ကိုယ်ထက်နိမ့်ပါးတဲလူတွေကို နှိမ်တာဟာ သင့်ပုံရိပ်ကို ထိခိုက်ပါတယ်။

play

 

၁ - မောက်မာတယ်

မောက်မာတာဟာ မိန်းကလေးတွေနဲ့ပက်သက်ရင် အားနည်းချက်ပါပဲ။ ပညာဂုဏ်၊ ငွေကြေး ဂုဏ် စတဲ့ တစ်နေရာရာမှာ သင်က မြင့်မားနေနိုင်ပေမဲ့ မောက်မာတဲ့ ပုံစံမျိုးရှိရင် မိန်းကလေးတွေမှ မဟုတ်ဘဲ ဘယ်သူမှ သဘောမကျပါဘူး။ သင်မရည်ရွယ်ပေမဲ့လည်း သူစိမ်းတစ်ယောက်နဲ့ ဆက်ဆံတဲ့အခါ သင့်ပုံစံက မောက်မာတဲ့ပုံပေါက်သွားတာလည်း ဖြစ်နိုင်ပါတယ်။

၂ - မှီခိုလွန်းတယ်

အမေပေါ်မှီခိုလွန်းတာ၊ အိမ်ကိုမှီခိုလွန်းတာ၊ အပေါင်းအသင်းတွေပေါ် မှီခိုလွန်းတာကို သဘောမကျပါဘူး။ သူ့အပေါ် သင်တအားကြီး မှီခိုလာမှာတောင် သဘောမကျပါဘူး။

၃ - မနာလိုစိတ်

မနာလိုစိတ်ဟာ မယုံကြည်ရတဲ့ လက္ခဏာအဖြစ် မြင်တတ်ကြပါတယ်။

၎ - ငြီးငွေ့ဖွယ်

play

 

စကားပြောလို့ ၅ မိနစ်မပြည့်ခင် ငြီးငွေ့စရာကောင်းသွားတာက ဆိုးပါတယ်။

၅ - မရိုးသားမှု

မရိုးသားတာကို မိန်းကလေးတွေက လုံးဝလက်မခံနိုင်ပါဘူး။ အထူးသဖြင့် နှစ်ဦးသားဆက်ဆံရေးမှာ မရိုးသားတာကြောင့် အထင်တောင် သေးသွားတတ်ပါတယ်။

၆ - စိတ်တိုလွယ်တယ်

play

 

ပြဿ     နာတစ်ခုကို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်ဘဲ စိတ်ဆိုးလွယ်တာ၊ ဒေါသထွက်လွယ်တာမျိုးကို သဘောမကျပါဘူး။

၇ - နှိမ်တာ

ကိုယ်ထက်နိမ့်ပါးတဲလူတွေကို နှိမ်တာဟာ သင့်ပုံရိပ်ကို ထိခိုက်ပါတယ်။

၈ - တစ်ကိုယ်ကောင်းဆန်တာ

play

 

ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေတာ၊ ပြောရင်လည်း ဘာမဆို ငါသိငါတတ်ပြောနေတာမျိုးက အဆင်မပြေပါဘူး။

Photos & Source: Made Men

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ