Relationships: အဆင်မပြေတဲ့ အချစ်ရေးကြောင့် ကျန်းမာရေးနဲ့ ဘဝကို ထိခိုက်နေကြောင်း ပြသတဲ့ လက္ခဏာ (၇) ရပ်

, updated

စိတ်ခံစားချက်တစ်ခုဟာ အရာရာကို ဝါးမြိုနိုင်ပါတယ်။

play

 

အချစ်ရေး အဆင်မပြေမှုဟာ သင့်ရဲ့ဆက်ဆံရေးတစ်ခုတည်းတင်မကဘဲ ကျန်တဲ့ ဘဝတစ်ခုလုံးရော သင့်ကျန်းမာရေးကိုပါ ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ သင်သိရဲ့လား။

၁။ စိတ်ခံစားချက်တွေ အမျိုးမျိုးပြောင်းနေမယ်

တစ်ခါတစ်ရံမှာ သင့်ကို သူက အချစ်တွေ၊ ဂရုစိုက်မှုတွေနဲ့ စိတ်ချမ်းသားမှုပေးနေပေမဲ့ တစ်ခါတစ်ရံကျတော့ သင်ဟာ သင့်ကို ရှောင်ခွာသွားတဲ့အတွက် အလိုမကျမှုတွေ၊ ဒေါသတွေ ဖြစ်ပေါ်ရတယ်။ အတက်အကျတွေ များလွန်းတဲ့ စိတ်ခံစားချက်ကြောင့် သင်ဟာ ဘယ်တော့မှ စိတ်အေးလက်အေးမရှိရသလို ဘာဖြစ်လာမလဲဆိုတာကိုလည်း မျှော်လင့်လို့ မရဘူး။

၂။ စိတ်ကျရောဂါခံစားရတယ်

အချစ်ရေးအဆင်မပြေတဲ့အခါ အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းမိတယ်။ သူ အရင်လိုပဲ ကိုယ့်အပေါ် အရမ်းကောင်းတဲ့သူ ဖြစ်လာမလားလို့လည်း မျှော်လင့်မိတယ်။ အဲဒီစိတ်ဖိစီးမှုကနေတစ်ဆင့် စိတ်ကျရောဂါခံစားရတယ်။ လေ့လာမှုတစ်ခုအရ အဆင်မပြေတဲ့ ဆက်ဆံရေးတွေကနေ စိတ်ကျရောဂါလက္ခဏာတွေ ဖြစ်ပေါ်တယ်လို့ တွေ့ရှိရပါတယ်။

play

 

၃။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတယ်

လူတွေကြားထဲမှာ မပျော်တော့ဘူး။ တခြားသူတွေနဲ့ ဝေးရာမှာပဲ နေချင်တယ်။ အဲဒီတော့ ပိုပြီး အထီးကျန်သလို ပိုပြီး မပျော်မရွှင်ဖြစ်ရတယ်။

၎။ မကြာခဏ နေမကောာင်းဖြစ်တယ်

စိတ်ကျရောဂါခံစားရပြီး အစားအအိပ်မမှန်တဲ့အတွက် ကျန်းမာရေးကလည်း ခါတိုင်းလို မကောင်းနိုင်တော့ပါဘူး။ အအေးမိဖျားနာတာတွေ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မကြာခဏဖြစ်တယ်။

၅။ ကိုယ့်ဘဝကိုယ် လျစ်လျူရှုမိတယ်

အမြဲတမ်း ပြဿနာရှာတတ်တဲ့သူနဲ့ တွဲရတာ စိတ်ညစ်စရာ ကောင်းရုံတင်မကဘူး၊ ကိုယ်လုပ်စရာရှိတာတွေလည်း မလုပ်ဖြစ်တော့ဘူး။ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အရေမရအဖတ်မရ စကားတွေ နားထောင်ဖို့ ကိုယ်လုပ်စရာရှိတာတွေကို ပစ်ချပြီး နားထောင်ရတယ်။ သူပြဿနာရှာတာတွေခံရလို့လည်း ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။

play

 

၆။ စိတ်အားထက်သန်မှုတွေလည်း ပျောက်ဆုံးကုန်တယ်

သူနဲ့ မဆုံခင်တုန်းက ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ပြီး ပျော်ရွှင်နေတာကို သင်မှတ်မိဦးမှာပါ။ ဒါပေမဲ့ အခုတော့ အမြဲတမ်း စိတ်ညစ်၊ စိတ်ပင်ပန်းနေရတဲ့အတွက် ဘာကိုမှလည်း စိတ်မဝင်စားနိုင်တော့ဘူး။ အာရုံတွေလည်း ပျံ့လွင့်နေပြီ။

၇။ မပျော်ရွှင်မှုက မျက်နှာမှာ ပေါ်လွင်နေတယ်

သင့်ရဲ့ စိတ်ပျက်စရာအချစ်ရေးကို ဘယ်လောက်ပဲ ဖုံးကွယ်နိုင်ဖို့  ကြိုးစားပါစေ၊ လူတွေက သင့်မျက်နှာကြည့်ပြီး သိပါတယ်။ သင့်ပုံစံက အမြဲလိုလို ညှိုးနွမ်းပြီး ပင်ပန်းနေပုံ ပေါက်နေလိမ့်မယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ