Relationships: ဆက်ပြီး လက်မတွဲသင့်တဲ့သူဖြစ်ကြောင်း ပြနေတဲ့ အချက် (၁၀)ချက်

အချစ်မှာလည်း မျက်စိပါသင့်ပါတယ်။

play

 

သင် သူ့ကိုဘယ်လောက်ပဲ ချစ်ပါစေ၊ သူဟာ လက်မခံနိုင်လောက်အောင် ဆိုးရွားနေသူတစ်ယောက်ဆိုရင် သင် အမြန်ဆုံး လက်တွဲဖြုတ်သင့်ပါတယ်။ မြန်လေ သင့်အတွက် ကောင်းလေပါပဲ။ ဒီအချက်တွေနဲ့ သင်ချစ်မိသူက ကိုက်ညီနေပြီဆိုရင်တော့ သင် သူ့အနားက ပြေးသင့်ပါပြီ။

၁။ သင်ဘာလုပ်ရမယ်ဆိုတာ သူအမြဲပြောတယ်။

၂။ သင့်သူငယ်ချင်း၊ သင့်မိသားစုကို အချိန်ပေးတာကို သူမကြိုက်ဘူး။

၃။ သင့်မှာ အပြစ်ရှိတယ်လို့ ခံစားရအောင် သူ အမြဲလုပ်တယ်။

play

 

၎။ အမြဲတမ်း သူ့အတွက်ချည်းပဲ။

၅။ သင့်ရဲ့ခံစားချက်တွေ၊ သင်ပြောတာတွေကို နားထောင်မပေးဘူး။

၆။ သင့်ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို စိတ်မဝင်စားဘူး။

play

 

၇။ သဝန်တိုစိတ် ကြီးလွန်းတယ်။ (မတိုသင့်တာတွေကိုပါလိုက်ပြီး သဝန်တိုခြင်းကို ဆိုလိုတာပါ)

၈။ သူ ငြိုငြင်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သင့်မှာ ဘာမှ မလုပ်ရဲအောင် ကြောက်နေရတယ်။

play

၉။ သူက သင့်ကို အမြဲယှဉ်ပြိုင်နေတယ်။ (ကိုယ့်ချစ်သူကို ပြန်ပြိုင်တာ အဆိုးရွားဆုံးပါပဲ)

၁၀။ အငြင်းအခုန်ဖြစ်တိုင်း သင့်ကို စော်ကားမော်ကားပြောတယ်။

၁၁။ သူ့ရဲ့အပြုအမူအပြောအဆိုတွေကြောင့် သင့်မှာ ငါများ မှားနေသလားလို့ အမြဲတမ်း

တွေးမိနေတယ်။

play

 

၁၂။ သူမှားတဲ့အခါတိုင်း ဘယ်တော့မှ ဝန်မခံဘူး။

၁၃။ သူ့ကို ထားသွားသင့်မှန်း သင်သိပေမဲ့ ဘယ်လိုထားခဲ့ရမယ်မှန်း မသိဘူးဖြစ်နေတယ်။

(စိတ်ပျက်စရာကောင်းတဲ့လူတွေက တွယ်ဖက်တဲ့နေရာမှာလည်း သူမတူအောင် ကျွမ်းကျင်ပါတယ်။

သင်မရှိတော့တဲ့အခါ သူဘာလုပ်မလဲ၊ သူမရှိရင် သင်ဘယ်လိုနေရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သင့်မှာ

သူ့ကို မထားခဲ့နိုင် ဖြစ်နေတာပါ)

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ