Relationships: ကိုယ့်အကြောင်း ကိုယ်ပြောတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

သာမန် စကားဝိုင်းမှာ ကိုယ့်အကြောင်းပြောရမယ်ဆိုရင် တိုတိုတုတ်တုတ်ပဲ ပြောပါ။

play

 

စကားပြောရင် ကိုယ့်အကြောင်းပဲ ကိုယ်ပြောနေတာဟာ လူအများတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါပေမဲ့ အကျင့်ဖြစ်နေပြီး ဖျောက်ရခက်ပါတယ်။ အောက်ပါအချက်လေးတွေကို သတိထားသင့်ပါတယ်။

၁ - အသုံးအနှုန်း

ငါ၊ ကျွန်တော်၊ ကျွန်မ စတဲ့ ကိုယ့်ကိုယ်ကိုယ် ညွှန်းဆိုတဲ့ စကားလုံးတွေနဲ့ စကားစပြောတာမျိုး အတတ်နိုင်ဆုံးရှောင်သုံးပါ။

၂ - သူ့ဇာတ်လမ်း

တစ်ယောက်ယောက်က အဖြစ်ပျက်တစ်ခုကို ပြောရင် ဒီလို အဖြစ်အပျက်မျိုး သင့်မှာ ရှိပေမဲ့ အမြဲတမ်း ပြန်ပြောပြစရာ မလိုပါဘူး။

play

 

၃ - ဗဟိုပြုတာ

စကားဝိုင်းမှာ သင့်ကိုယ်သင် ဗဟိုပြုတာမျိုးရှောင်ပါ။ သင့်သူငယ်ချင်းက ကားတစ်စီး ဝယ်ချင်တယ်လို့ ပြောတာနဲ့ သင်ကတော့ ဘယ်လိုကားမျိုးကြိုက်တယ်ဆိုပြီး ချက်ချင်းဝင်ပြောတာမျိုး မလုပ်ပါနဲ့။ စကားဝိုင်းက သင့်ကိုယ်ဗဟိုပြုလာအောင် ကြိုးစားတာမျိုး ရှောင်ပါ။

၎ - တိုတိုတုတ်တုတ်

ကိုယ့်အကြောင်းပြောရမယ်ဆိုရင် တိုတိုတုတ်တုတ်ပဲ ပြောပါ။

၅ - အပြိုင်မပြောနဲ့

စကားကို အပြိုင်ပြောတာထက် ပူးပေါင်းပြီး ပြောတာမျိုးက ပိုကောင်းပါတယ်။ 

play

 

၆ - မေးခွန်း

စကားပြောတဲ့အခါ တစ်ဖက်လူကို မေးခွန်းမေးတဲ့ အကျင့်ရှိသင့်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ