Relationships: စွန့်ခွာဖို့ သတ္တိရှိသူတွေက ဘဝကို ကောင်းမွန်စွာ ရပ်တည်နိုင်

ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချနိုင်သူတွေ ဖြစ်ပါတယ်။

play

 

စွန့်ခွာရခြင်းဆိုတာ အခက်ခဲဆုံးအရာတစ်ခုပါ။ ကျွန်မတို့တွေဟာ လူတွေကို မနာကျင်စေချင်သလို စိတ်ပျက်မသွားစေချင်ဘူး။

စွန့်ခွာမှုတစ်ခုကို ခက်ခက်ခဲခဲရွေးချယ်လိုက်နိုင်တဲ့ သူတစ်ယောက်ဟာ သူ့ကိုယ်သူ ကြီးမားတဲ့အခွင့်အရေး ပေးလိုက်တာပါပဲ။ အဲဒီလို ရွေးချယ်ချိန်မှာ သူ့စိတ်ထဲမှာ သူ့ရဲ့တန်ဖိုး၊ ပျော်ရွှင်မှုနဲ့ အပြစ်ရှိတဲ့ခံစားချက်ကို တွက်ချက်ကြည့်တယ်။ ခံစားချက်တွေ ပြည့်လျှံနေတဲ့ကြားက ပြတ်သားနိုင်တာဟာ စွမ်းအားတစ်မျိုးရှိလို့သာ ဖြစ်ပါတယ်။

play

 

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့အတွက် ခွန်အားတွေ အများကြီးယူရပါတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အလုပ်တစ်ခုကို စွန့်ခွာဖို့ ရွေးချယ်လိုက်တာဟာ ကိုယ့်ကိုယ်ကို နားလည်သွားလို့၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိလို့သာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ရပ်တည်ချက်ကို ယိုင်နဲ့စေတဲ့ ဆက်ဆံရေး ဒါမှမဟုတ် အလုပ်ကို ခွဲခွာဖို့ဆိုတာ စိတ်ဓာတ်အတော်ခိုင်မာဖို့လိုပေမဲ့ အနာဂတ်ကို မျှော်ကြည့်လိုက်တဲ့အခါ သင်ဟာ ပိုပျော်ရွှင်ပြီး ပိုကောင်းမွန်တဲ့ဘဝကို မြင်တွေ့ရမှာပါ။

play

 

တကယ်လို့ အဲဒီလို ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တယ်ဆိုရင် သင်ဟာ ကိုယ်လိုချင်တာ ကိုယ်သိရှိပြီး အမှီအခိုကင်းကင်းနဲ့ ဘဝကို ရပ်တည်နိုင်သူလည်း ဖြစ်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ