Relationships: အသက်အရွယ် ကွာခြားမှုက အိမ်ထောင်ရေးနဲ့ အချစ်ရေးကို သက်ရောက်မှုရှိ

လူ ၃,၀၀၀ ကို သုတေသနလုပ်ထားတာ ဖြစ်ပါတယ်။

play

 

လေ့လာမှုတစ်ခုအရ သင်နဲ့ သင့်ရဲ့ချစ်သူ သို့မဟုတ် အိမ်ထောင်ဘက်ရဲ့ အသက်အရွယ် ကွာခြားချက်ဟာ သင်တို့ရဲ့ဆက်ဆံရေးကို သိသိသာသာ သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါတယ်။

play

 

Emory  တက္ကသိုလ်၊ စီးပွားရေးဌာနက သုတေသီတွေရဲ့ လေ့လာချက်အရ အသက်အရွယ်ကွာခြားမှုများလေ ကွဲကွာနိုင်ခြေများလေဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါလေ့လာမှုအရ အသက် ၅ နှစ်ကွာခြားပါက ကွာရှင်းရနိုင်ခြေ ၁၈ ရာခိုင်နှုန်းရှိပြီး အသက် ၁၀ နှစ် ကွာခြားပါက ၃၉ ရာခိုင်နှုန်း၊ အသက် ၂၀ ကွာပါက ၉၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

play

 

အသက် တနှစ်သာ ကွာခြားတဲ့ စုံတွဲတွေဟာ ကွဲကွာနိုင်ခြေ အနည်းဆုံးဖြစ်တာကိုလည်း တွေ့ရှိထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ