Relationships: အိမ်ထောင်သည်အမျိုးသားတွေရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းတွေကို ဖြတ်ပေးတဲ့လုပ်ငန်း တရုတ်မှာ ခေတ်စား

ဒေါ်လာ ၅ သောင်းခန့်တော့ ကုန်ကျပါတယ်။

play

 

တရုတ်မှာ အိမ်ထောင်ရှင်မတွေက ခင်ပွန်းရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းတွေကို ဖြတ်ဖို့အတွက် အငယ်အနှောင်း ဖြတ်ပေးသူတစ်ဦးကို ငှားလိုက်ရုံပါပဲ။

ရှန်ဟိုင်းနဲ့ ကွမ်ကျိုးတို့လို လူဦးရေထူထပ်လှတဲ့ တရုတ်ရဲ့ အကြီးဆုံးမြို့တွေမှာ အငယ်အနှောင်းဖြတ်ပေးသူ ငှားရမ်းခြင်းလုပ်ငန်းက ခေတ်စားလှပါတယ်။

play

 

ဒါပေမဲ့ အငယ်အနှောင်းဖြတ်ပေးသူတွေက အဲဒီလိုလုပ်ဆောင်ဖို့ အကြမ်းဖက်ခြင်း၊ ရှေ့နေငှားခြင်းစတဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်တာ မဟုတ်ပါဘူး။

play

 

အမျိုးသမီးတစ်ဦးက သူ့ရဲ့ခင်ပွန်း ဖောက်ပြန်နေတာကို သိတဲ့အခါ အငယ်အနှောင်းဖြတ်ပေးသူတစ်ဦးကို ငှားလိုက်ပြီဆိုတာနဲ့ ထိုသူက အဲဒီအငယ်အနှောင်းမိန်းကလေးနဲ့ ခင်မင်ရင်းနှီးအောင်လုပ်ပြီး သူ့ရဲ့ ယုံကြည်မှုကို ရအောင်ယူကာ ဇာတ်လမ်းဖြတ်ပေးကြတာပါ။

အဲဒီအတွက် ဝန်ဆောင်ခက ဒေါ်လာ ၅ သောင်းခန့်အထိတော့ ကုန်ကျနိုင်ပါတယ်။

Source &  Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ