Relationships: ဖောက်ပြန်ဖို့ ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ လူ (၄) မျိုး

ဖောက်ပြန်ဖူးသူတွေကတော့ နောက်ထပ်အကြိမ်ကြိမ်ဖောက်ပြန်ကြဖို့ ရာခိုင်နှုန်းများပါတယ်။

play

 

၁။ လူမှုကွန်ရက်ကို စွဲစွဲလမ်းလမ်းသုံးလွန်းသူတွေ

ဒီနေ့ခေတ်လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့လို လူမှုကွန်ရက်တွေကို မသုံးတဲ့လူဆိုတာ ရှားပါတယ်။ တချို့ဘိုးဘွားတွေတောင်မှ လူမှုကွန်ရက်အကောင့်တွေသုံးနေကြပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ထက် သူ့ဖေ့စ်ဘွတ်ကိုပိုပြီးအချိန်ပေးနေပြီဆိုရင်တော့ သူ့ကိုသိပ်ပြီးစိတ်ချလက်ချမယုံသင့်တော့ပါဘူး။ သင့်ချစ်သူရဲ့အကောင့်မှာ ဘာတွေတင်နေလဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်နေပါ။

play

 

၂။ ဖောက်ပြန်ဖူးသူ

တစ်ကြိမ်ဖောက်ပြန်ဖူးသူအတွက် နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ဆိုတာ သိပ်မခက်တော့ပါဘူး။

play

 

၃။ အသက်နောက်ပိတ် ၉ နဲ့ဆုံးတဲ့ ယောက်ျားတွေ

၂၉ နှစ်၊ ၃၉ နှစ်၊ ၄၉ နှစ် ၊ ၅၉ နှစ် တို့လို အသက်နောက်ပိတ် ၉ နဲ့ဆုံးတဲ့အရွယ်တွေမှာ ယောက်ျားတွေက ဖောက်ပြန်လေ့ရှိကြပါတယ်။ အသက်ထိပ်စီးပြောင်းမယ့်အရွယ်မို့ တစ်ခုခုကို စမ်းသပ်လိုတဲ့စိတ်နဲ့ ပြုလုပ်ကြတာကြောင့် အဆင်ပြေနေတဲ့အချစ်ရေးရှိလျက်နဲ့ တိတ်တိတ်ပုန်းထားတတ်ကြပါတယ်။ အချို့ယောက်ျားတွေကတော့ ပိုပြီးစွံတယ်ဆိုတာကို ယောက်ျားချင်းကြွားချင်တာနဲ့ပဲ နှစ်ယောက်၊ သုံးယောက်တွေ ပြိုင်တူထားကြတာမျိုး ရှိပါတယ်။

play

 

၎။ ချမ်းသာတဲ့ယောက်ျားတွေနဲ့ နွမ်းပါးတဲ့အမျိုးသမီးတွေ

ကြွယ်ဝသူတွေရဲ့ထုံးစံအတိုင်း မပြည့်ဝနိုင်တဲ့အလိုဆန္ဒတွေထဲမှာ ချစ်ရေးချစ်ရာပါလာသလို နွမ်းပါးတဲ့အမျိုးသမီးတွေကလည်း ပြည့်စုံတဲ့ဘဝကို မျှော်ကိုးတာနဲ့ပဲ ကြွယ်ဝသူတွေနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတတ်တာမျိုးရှိကြပါတယ်။

Source : Dailystar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ