Relationships: ထားသွားတာနဲ့ သတ်သေပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ချစ်သူကို အကောင်းဆုံးနားချနည်း (၅)နည်း

ဒီလိုအဖြစ်အပျက်မျိုးက ချစ်သူစုံတွဲတွေမှာ မကြာခဏကြုံရလေ့ရှိပါတယ်။ များသောအားဖြင့် ချစ်သူကောင်လေးက ထားသွားမယ်ပြောလာတဲ့အခါမှာ ဘယ်လိုမှလက်မခံနိုင်တဲ့ မိန်းကလေးတွေ စိတ်ညစ်စိတ်ဓါတ်ကျပြီး 'နင်ထားသွားရင် ငါ့ကိုယ်ငါသတ်သေလိုက်မယ်' လို့ပြောဆိုလာတာမျိုးပေါ့။ ဒါဆိုအဲ့ဒီလိုအခြေအနေကို အကောင်းဆုံးဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး နားချဖြောင်းဖျမလဲ။

play

 

၁။ အခြေအနေကိုနားလည်ဖို့

လမ်းခွဲလိုက်တာက ဆက်တွဲပြီး နှစ်ယောက်လုံးစိတ်ဆင်းရဲနေရတာထက်စာရင် ပိုအဆင်ပြေတဲ့နည်းလမ်းဆိုတာကို အချက်အလက်နဲ့တကွ အကျိုးသင့်အကြောင်းသင့်ရှင်းပြပါ။

play

 

၂။ သူစိမ်းတွေမဟုတ်

ထားသွားတယ်ဆိုပေမယ့် လုံးဝအဆက်အသွယ်မဖြတ်မယ့်အကြောင်းကိုလည်း ပြောပြဖို့လိုပါတယ်။ ချစ်သူတွေမဟုတ်တော့ပေမယ့် လိုအပ်တဲ့အချိန်တိုင်း ကိုယ်ကသူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှိနေမှာကို ပြောပြပါ။

play

 

၃။ ထိခိုက်နစ်နာတာ

ကိုယ့်ကိုယ်ကိုသတ်သေလိုက်လို့ ဘယ်သူတွေထိခိုက်လဲ။ သူနဲ့သူ့မိသားစုပဲထိခိုက်နစ်နာတာကို နားလည်အောင်ပြောပြပါ။

play

 

၎။ မခံချင်စိတ်ကိုဆွ

သူဒေါသထွက်ပြီး ကိုယ့်ကိုနာကျည်းသွားအောင်၊ သူ့ကိုယ်သူပြန်ကြိုးစားနေထိုင်ချင်လာအောင် စကားတွေနဲ့ဆွပေးဖို့ပဲလိုပါတယ်။ ဒါပေမဲ့ သူ့ကိုပိုစိတ်ညစ်သွားအောင်၊ စိတ်ဓါတ်ကျသွားအောင်တော့ မပြောမိပါစေနဲ့။

play

 

၅။ ချစ်တိုင်းလည်းမညား

ရိုးရိုးလေးပြောလိုက်ပါ။ ဒီကမ္ဘာမှာချစ်တိုင်းလည်းမညားတဲ့သူတွေ အများကြီးပါပဲလို့။ သံသရာတစ်ကွေ့မှာ ပြန်မဆုံနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်တဲ့အတွက် ဘာကိုမှအရမ်းမခံစားနေဖို့၊ သတ်သေလိုက်တော့မှ လိုတာထက်ပိုပြီးမျှော်လင့်ချက်တွေပျောက်သွားနိုင်တာကို ရှင်းပြပါ။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ