Relationships: အသစ်စက်စက် စုံတွဲတွေ သိသင့်တဲ့ အချက် (၃) ချက်

စွန့်စားမှုလေးပါတာလည်း လုပ်သင့်ပါတယ်။

 

၁ -  ဦးစားပေး

နှစ်ဦးသားဆက်ဆံရေးအစမှာ ကိုယ့်ရဲ့အကောင်းဆုံးတွေကိုပဲ ပြဖို့ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် စစချင်းမှာ ကိုယ့်ဟာ ဘယ်လိုလူမျိုးပါဆိုတာကိုပဲ ပြချင်နေပြီး သူဟာ ဘယ်လိုလူမျိုးပါဆိုတာကိုတော့ လက်ခံပေးဖို့ မေ့နေတတ်ပါတယ်။ စစချင်းမှာ ကိုယ့်အကြောင်းထက် သူ့အကြောင်းကို အရင်နားထောင်လက်ခံပေးသင့်ပါတယ်။

၂ - နှစ်ယောက်အတူ

 

ဝါသနာတစ်ခုကို အတူတူလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦးပိုနားလည်ပြီး ချည်နှောင်ထားတဲ့ ကြိုးတစ်ကြိုးလည်း ပိုတင်းလာပါတယ်။ ဒီအကြောင်းကို ပြောပြီး နှစ်ဦးသားမျှဝေလို့ရပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီး အပြန်အလှန်ပြောကြတာ၊ gym တစ်ခုမှာ အတူကစားတာမျိုး ဖြစ်ပါတယ်။ စစချင်းမှာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျပြောပြဖို့ ခက်နေတတ်တာကြောင့် ဒီလိုအချက်လေးတွေကနေ သံယောဇဉ်ခိုင်မာလာစေပါတယ်။

၃ - စွန့်စားမှု

 

စွန့်စားမှုလေးပါတာလည်း လုပ်သင့်ပါတယ်။ ဒါဟာ ရင်းနှီးမှုကို ပိုမြန်စေပါတယ်။ စွန့်စားမှုဆိုတာ ကြီးကြီးမားမားကြီး မဟုတ်ပါဘူး။ နှစ်ဦးသား နေ့စဉ်အမြဲလုပ်နေကျမဟုတ်တဲ့ အရာမျိုးကို အတူတကွ လုပ်တာမျိုးပါ။ နေ့ချင်းပြန် ခရီးသွားတာမျိုး၊ ညဘက် အတူလျှောက်လည်တာမျိုးပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ