Relationships: ရန်ဖြစ်ခြင်းက အချစ်ရေးကို ပိုပြီးခိုင်မြဲစေတယ်ဆိုတာ ပြသနေတဲ့ အချက် (၅) ချက်

တစ်ခါမှ ရန်မဖြစ်ဖူးရင် တကယ်မချစ်လို့ပါပဲ။

play

 

ရန်ဖြစ်တယ်ဆိုတာ အချစ်တွေ လျော့သွားလို့ မဟုတ်ပါဘူး။ မတူညီမှုတွေကို နားလည်အောင် သင်ယူနေခြင်းသာ ဖြစ်ပါတယ်။ ရန် တစ်ခါတလေ ဖြစ်ခြင်းဟာ အချစ်ရေးကို ပိုပြီးတော့ ခိုင်မြဲစေပါတယ်။

၁။ ကိုယ့်ခံစားချက်အစစ်အမှန်ကို ပြသခြင်းဖြစ်တယ်

တစ်ဦးနဲ့ တစ်ဦး လိုက်လျောတာ ကောင်းပါတယ်။ ဒါပေမဲ့ သင်အစစ်အမှန်ဖြစ်ဖို့လိုတယ်ဆိုတာ သတိရပါ။ ရန်ဖြစ်ရမှာကို စိုးရိမ်လို့ သူ့ကို ချစ်လို့ဆိုပြီး အရာရာကို လိုက်လျောဖို့ မလိုပါဘူး။ ကိုယ်တကယ်ဖြစ်ချင်တာကို ပြောရမယ်။ အဲဒီအတွက်တော့ ရန်ဖြစ်ရပါလိမ့်မယ်။

play

 

၂။ အတွေးအမြင် ဘယ်လို ကွာခြားတယ်ဆိုတာ သင်ယူနေခြင်းဖြစ်တယ်

လူနှစ်ဦးဟာ ထပ်တူထပ်မျှ မတူညီနိုင်ပါဘူး။ မကြာခဏ ရန်အနည်းငယ် ဖြစ်တာဟာ ပြဿနာကြီးတွေအတွက် ပြင်ဆင်ထားခြင်းသာဖြစ်ပါတယ်။ သဘောထားကွဲလွဲလို့ ရပါတယ်၊ ဒါပေမဲ့ နှစ်ဦးစလုံးစိတ်ကျေနပ်မယ့် အဖြေရဖို့တော့လိုပါတယ်။

၃။ သင့်မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်ဆိုတာ ပြသခြင်းဖြစ်တယ်

တချို့စုံတွဲတွေက ဖေ့စ်ဘွတ်အကောင့်တွေကို အတူသုံးကြတယ်။ အဲဒါဟာ နှစ်ယောက်ပေါင်းမှ တစ်ယောက်ဆိုတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်ပါတယ်။ သီးသန့် ဆိုရှယ်မီဒီယာအကောာင့်မရှိတာဟာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုလွန်းတာ ဒါမှမဟုတ်  တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ခြင်းသာ ဖြစ်ပါတယ်။ အဲဒါဟာ သင်တို့ အချစ်ရေး ပျက်စီးခြင်းရဲ့လမ်းစပါပဲ။ ရန်ဖြစ်ခြင်းက သင်တို့ဟာ ကိုယ်ပိုင် ရပ်တည်ချက်ရှိတယ်၊ ဒါပေမဲ့ နှစ်ယောက်ပေါင်းစည်းလိုက်ရင်တော့ တပ်ဖွဲ့တစ်ခုသာ ဖြစ်တယ် (နှစ်ယောက်ပေါင်း တစ်ယောက်မဟုတ်ဘူး) ဆိုတာ သတိပေးခြင်းသာ ဖြစ်တယ်။

play

 

၎။ အပြန်အလှန်လေးစားမှုရှိကြောင်း ပြသခြင်းဖြစ်တယ်

တစ်ခါတရံမှာ ရန်ဖြစ်တာက ရိုင်းစိုင်းမှုတွေ ပါလာနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဦးစလုံး စကားပြောခွင့်ရပြီး နှစ်ဦးစလုံးကလည်း နားထောင်တယ်ဆိုရင် သင်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုနဲ့ လေးစားမှု အပြည့်အဝရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

play

 

၅။ ဟန်ဆောင်မှုတွေ၊ ရှက်ရွံ့မှုတွေ မရှိဘူးဆိုတာ ပြသခြင်းဖြစ်တယ်

သင်က သူ့ရှေ့မှာ ငိုဖို့ကို မကြောက်ရွံ့သလို သူကလည်း သင့်ကို ပွင့်ပွင့်လင်းလင်း ပြောဖို့ မစိုးရွံ့မနေဘဲ စိတ်ခံစားချက် အစစ်အမှန်တွေကို ဖွင့်ထုတ်ပစ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဟန်ဆောင်မှုတွေ မရှိဘူးဆိုတာ ပြသခြင်းသာ ဖြစ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ