Relationships: သင်နဲ့ ထိုက်တန်တဲ့ အချစ်မဟုတ်သေးဘူးလို့ ပြောနေတဲ့ လက္ခဏာ (၇) ချက်

ကိုယ်နဲ့ထိုက်တန်တဲ့ အရာကို ရပိုင်ခွင့် လူတိုင်းမှာ အပြည့်အဝ ရှိပါတယ်။

play

 

ကိုယ်နဲ့ တကယ်ထိုက်တန်တဲ့ အချစ်ရေးကို ရကြသူတွေ ရှိသလို မရနိုင်သေးသူတွေလည်း ရှိပါတယ်။ သင်နဲ့ ထိုက်တန်တဲ့ အချစ်ရေးကို ရဖို့အတွက်နဲ့တော့ ရုပ်ရည်ချောမောပြေပြစ်စရာ၊ ပိုက်ဆံရှိစရာ မလိုသလို အားလုံးပြည့်စုံနေဖို့လည်း မလိုအပ်ပါဘူး။

ဒီအချက်တွေ သင်ခံစားနေရပြီဆိုရင်တော့ ဒီအချစ်ရေးဟာ သင်နဲ့မထိုက်တန်သေးဘူးလို့ ယူဆနိုင်ပါတယ်။

၁။ ဂရုစိုက်မခံရဘူး

play

 

ရုပ်ပိုင်းဆိုင်ရာ အရလည်း သင်ဟာဂရုစိုက်မခံရ ဖြစ်နေပြီး ပွေ့ဖက်၊ နမ်းရှုတ်တာမျိုးတွေကို သင့်ဘက်က လိုချင်သလောက် ဖြစ်မလာဘူးဆိုရင် ဒီအချစ်ရေးဟာ သင်နဲ့ မထိုက်တန်သေးပါဘူး။

၂။ ထိတ်လန့်နေရမယ်

play

 

သူထားသွားမလား၊ ဒါမှမဟုတ် သစ္စာမဲ့လေမလား ဆိုပြီးထိတ်လန့်နေရမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။ သင့်ဘက်က လိုအပ်ချက်လည်း ပါသလို သူ့ဘက်က တိကျသေချာတဲ့ ဂရုစိုက်မှုမျိုး မရှိလို့လည်း ဖြစ်နိုင်ပါတယ်။

၃။ ပေးသလောက်ပြန်မရဘူး

play

 

အချို့လူတွေက အခြားသူကို ပေးဆပ်လိုစိတ် အပြည့်ရှိကြပါတယ်။ အချို့ကတော့ ရယူဖို့ပဲ တွေးတတ်ကြပါတယ်။ သင်ပေးဆပ်သလောက် သူ့ဘက်က တုန့်ပြန်မှု မရှိဘူးဆိုရင်တော့ သင်နဲ့ထိုက်တန်သူ မဟုတ်သေးပါဘူး။

၎။ တစ်ယောက်တည်း ဖြစ်တာများတယ်

play

 

အမြဲလိုလို သင်တစ်ယောက်တည်း အချိန်ဖြုန်းရတာ များနေရင်လည်း ဒါဟာ သင်နဲ့ထိုက်တန်တဲ့ အရာမဟုတ်ပါဘူး။

၅။ ဦးစားပေးမခံရဘူး

play

 

နေရာတကာ ဦးစားပေးခံရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အများအားဖြင့် သင်ဦးစားပေး မခံရဘူးလို့ ခံစားရရင်တော့ သိပ်မကောင်းလှပါဘူး။

၆။ အပြစ်တင်ခံရမယ်

play

 

တစ်ခါတစ်ရံ ကိုယ့်ရဲ့အမှားအတွက် အပြစ်တင်ခံရတာကို လက်ခံရမှာပါ။ သင်တို့ကြားက လွဲချော်မှုတွေအတွက် သင်ကချည်း အပြစ်တင်ခံရမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။

၇။ အားပေးမခံရဘူး

play

 

သင့်မှာလည်း ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်ရတာမျိုးရှိမှာပါ။ အခက်အခဲတွေ ရှိနေချိန်သင်က အားပေးသလို ပြန်အားပေးမှု မရဘူးဆိုရင်တော့ သင့်အတွက် ဒီအချစ်ရေးဟာ မထိုက်တန်ပါဘူး။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ