Relationships: အပြင်သွားတိုင်း ကြောင်ကလေး ကိုဒါကို ကျောပေါ်တင်သွားတဲ့ ခွေးကလေး ဂျက်စီ

ခွဲမရအောင် ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

play

 

ကနေဒါ မိသားစုတစ်စုက မွေးမြူထားတဲ့ ကြောင်ကလေး ကိုဒါနဲ့ ခွေးကလေး ဂျက်ဆီတို့ဟာ ခွဲမရအောင် အလွန်ချစ်ကြသူတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကြောင်နဲ့ခွေးဆိုတာ မြင်တာနဲ့ ရန်ဖြစ်ကြသူတွေပါ။

play

 

ခွေးကလေး ဂျက်ဆီက ကိုဒါအပေါ်ကို အမြဲဂရုစိုက်လေ့ရှိပါတယ်။ အပြင်သွားတဲ့အခါ ကိုဒါက ဂျက်ဆီရဲ့ ကျောကုန်းပေါ်ကနေ လိုက်ပါရတာကို နှစ်သက်သူ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ကောင်က အတူတူ ရေကူးကြသလို၊ တောင်တက်ခရီးတွေ မိသားစုနဲ့ သွားရင်လည်း အတူလိုက်ပါလေ့ရှိကြသူတွေပါ။

play

 

သူတို့နှစ်ကောင်က အတူကစားကြရုံသာမက အတူအိပ်စက်ကြသူတွေ လည်းဖြစ်ပါတယ်။ ခွေးကလေး ဂျက်စီက ကိုဒါ့အပေါ်ကို ပိုပြီးခင်မိစိတ်ရှိတာကို မိသားစုဝင်တွေကလည်း သတိပြုမိကြပါတယ်။ အဲဒါကြောင့် ဘယ်သွားသွား ကိုဒါ့ကို ဂျက်စီက ကျောပေါ်အမြဲတင်ပြီးသွားလေ့ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ