Relationships: ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ မိန်းကလေးတွေ ကြားချင်တဲ့ စကား (၄) ခွန်း

ညဏ်ပညာပိုင်းဆိုင်ရာမှာလည်း တော်ကြောင်းချီးကျူးပါ။

 

၁ - ကြိုက်တယ်

"အဲ့ဒီ့လက်စွပ်လေးက မင်းနဲ့လိုက်တယ်"၊ "အဲ့ဒီ့အိတ်လေး ဘယ်ကဝယ်တာလဲ၊ မင်းနဲ့လိုက်တယ်"၊ "ဆံပင်ပုံလေးက ချစ်ဖို့ကောင်းတယ်"။ ဒီလိုစကားမျိုးနဲ့ချီးကျူးတာကို သူတို့ကြားချင်ပါတယ်။

၂ - မေး

ဘယ်လိုဖြစ်တာလဲ၊ အဲ့လိုဖြစ်သွားတာလား၊ ဒါနဲ့ ဘယ်လိုဆက်လုပ်လိုက်လဲ။ ဒီလိုမေးခွန်းမျိုးတွေနဲ့ သူစကားများများပြောအောင် လုပ်ပါ။ စစချင်းဆုံချိန်မှာ ပြောတာထက် နားထောင်တာက သင့်အတွက် ပိုအဆင်ပြေပါတယ်။ ဂရုစိုက်ကြောင်း တမင်တကာလုပ်ပြနေစရာမလိုပါဘူး။ သူပြောတာတွေကိုပဲ နားထောင်ပေးပါ။

 

၃ - ညဏ်ကောင်းတယ်

ညဏ်ပညာပိုင်းဆိုင်ရာမှာလည်း တော်ကြောင်းချီးကျူးပါ။ သူတို့ဝါသနာပါတဲ့ နယ်ပယ်တွေအကြောင်းမေးပါ။ သူ့လေ့လာထားမှုအတိုင်းအတာကို သင့်ဘက်က လေးစားကြောင်း ပြောပါ။

 

၎ - အမှန်တိုင်းပြောရရင်

အမှန်တိုင်းပြောရရင်ဆိုတဲ့ စကားမျိုးနဲ့ စပြောတာလည်း လုပ်ပါ။ တော်ရုံပေးမသိတဲ့ လျှို့ဝှက်ချက်တွေ သူ့ကို ပေးသိတယ်ဆိုတဲ့ခံစားချက်မျိုး တစ်ဖက်က ဖြစ်သွားစေပါတယ်။

Photos & Source: Your Tango

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ