Relationships: ချစ်သူက အဝေးရောက်နေတယ်ဆိုရင် ဒီအချက်လေးတွေ သိထားသင့်

လူတော်တော်များများက အနေဝေးနေတာကြောင့် အမြဲဆက်သွယ်ပေးဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။

play

 

၁ - ပိုင်ဆိုင်ကြောင်း

အလွန်အကျွံ ပိုင်ဆိုင်ကြောင်းပြတာမျိုးကို မလုပ်သင့်ပါဘူး။ တစ်နေ့ကို ၁၂ နာရီလောက် ဖုန်းဆက်တာမျိုး၊ မက်ဆေ့ဂ်ျပို့နေတာမျိုး မလုပ်သင့်ပါဘူး။ လူတော်တော်များများက အနေဝေးနေတာကြောင့် အမြဲဆက်သွယ်ပေးဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ နှစ်ဦးသားဆက်ဆံရေးကို ငြီးငွေ့သွားစေတယ်ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။

၂ - အတွေ့အကြုံ

ရေရှည်လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် အတူနေနိုင်ရမှာ ဖြစ်သလို ခွဲပြီးနေဖို့လည်း ကျင့်ထားရမှာပါ။ နှစ်ယောက်စလုံးအတွက် အတွေ့အကြုံအဖြစ် မြင်သင့်ပါတယ်။

play

 

၃ - ပွင့်လင်း

ပွင့်လင်းဖို့လည်း အရေးကြီးပါတယ်။ တစ်ဦးကို တစ်ဦး ဘယ်လိုပုံစံမျိုးမျှော်လင့်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ဖြစ်နိုင်ရင် တိတိကျကျနဲ့ စည်းမျဉ်းတွေ ချမှတ်သင့်ပါတယ်။ ဒီစည်းမျဉ်းတွေက နှစ်ယောက်စလုံး လိုက်နာနိုင်ပြီး လက်တွေ့ကျဖို့ အရေးကြီးပါတယ်။

၎ - အလေ့အကျင့်

အမြဲတမ်း ဖုန်းပြောနေတာ၊ မက်ဆေ့ဂ်ျပို့နေတာမျိုးထက် မနက်မိုးလင်းတာနဲ့ morning ဆိုတဲ့ စာသားမျိုး ပို့တတ်တဲ့ အကျင့်လေးလုပ်ထားတာက ပိုကောင်းပါတယ်။ နှစ်ဦးသားကြား ဒီလိုအလေ့အကျင့်မျိုးလေးတွေ လုပ်ထားတာက ပိုအသုံးဝင်ပါတယ်။

play

 

၅ - အတူရှိပေး

အွန်လိုင်းကနေ ဂိမ်းအတူဆော့တာမျိုးလုပ်ပါ။ အွန်လိုင်းကနေ တစ်ဦးကို တစ်ဦး သီချင်းဆိုပြတာမျိုးကလည်း မိုက်တာပါပဲ။ အွန်လိုင်းကနေ စကားပြောရင်း ဈေးဝယ်ထွက်ပါ၊ ဝယ်စရာရှိတာလေးတွေကို သူနဲ့ တိုင်ပင်ရင်း ဝယ်ပေါ့။

၆ - ဆွေးနွေး

စာအုပ်တစ်အုပ်ကို အတူဖတ်ပြီး ဆွေးနွေးကြတာမျိုး၊ ဗီဒီယိုကားတစ်ကားကို ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်ဆွေးနွေးတာမျိုး လုပ်ပါ။

play

 

၇ - လည်ပါ

တစ်ခါတစ်ရံ သွားလည်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ