Relationships: အိမ်လွမ်းနေတယ်ဆို ဒီအချက်လေးတွေ သိထားသင့်

သင့်အမေကို ဖုန်းခေါ်လို့ ချက်ချင်း ပြန်မဖြေတာကြောင့် စိုးရိမ်လာမိတဲ့စိတ်က လွမ်းနေတဲ့အခါ ပိုဆိုးပါတယ်။

play

 

၁ - ဖုံးကွယ်နေစရာမလို

အိမ်နဲ့ ဝေးနေတဲ့အတွက် အထီးကျန်နေတာ အမှန်ပါပဲ။ ဒီခံစားချက်ကို ဖုံးကွယ်နေစရာ မလိုပါဘူး။ ဖြေရှင်းစရာ နှစ်နည်းရှိပါတယ်။ လက်ရှိခံစားနေရတာကို မေ့ပျောက်အောင်  သင့်ဘေးနားက လူတွေနဲ့ အချိန်ဖြုန်းမလား၊ အိမ်ကို ချက်ချင်းဖုန်းခေါ်ပြီး လွမ်းကြောင်းပြောမလားပါပဲ။

၂ - ဓာတ်ပုံ

ဖုန်းထဲမှာ၊ တက်ဘလက်ထဲမှာ၊ ကွန်ပြူတာပေါ်မှာ သင့်မိသားစုပုံကို တင်ထားပါ။ သင့်အိပ်ခန်းမှာ၊ အလုပ်စားပွဲမှာ သင့်အကြိုက်ဆုံး မိသားစုပုံကို ထားလို့လည်း အဆင်ပြေပါတယ်။ သင်နဲ့အမြဲရှိနေသလို ခံစားရစေမှာပါ။

play

 

၃ - ဖုန်း

သင့်အမေကို ဖုန်းခေါ်လို့ ချက်ချင်း ပြန်မဖြေတာကြောင့် စိုးရိမ်လာမိတဲ့စိတ်က လွမ်းနေတဲ့အခါ ပိုဆိုးပါတယ်။ ဒါပေမဲ့ တစ်နေ့တစ်ခါတော့ ဖုန်းခေါ်သင့်ပါတယ်။

၎ - နည်းပညာ

နည်းပညာကိုလည်း အသုံးချပါ။ ဗီဒီယိုနဲ့ပြောတာမျိုးက တကယ်အလွမ်းပြေပါတယ်။

၅ - လက်ဆောင်

လက်ဆောင်လေးတွေ ပို့ပေးပါ။ ကြီးကြီးမားမား မဟုတ်တောင် ပို့စကတ်လိုမျိုး သေးသေးမွှားမွှားလေးတွေကလည်း အဆင်ပြေပါတယ်။

play

 

၆ - အိမ်ပြန်ရက်

ခဏပဲ ဖြစ်ဖြစ် အိမ်ပြန်မယ့်ရက်ကို သတ်မှတ်ပါ။ 

၇ - ပျော်အောင်နေ

အမြဲတမ်းအိမ်လွမ်းနေလို့လည်း မဖြစ်ပါဘူး။ တစ်ကိုယ်တည်းနေရတာကို ပျော်အောင်လည်း လုပ်ထားပါ။ ဝါသနာပါရာတစ်ခုခုကို သင်ယူတာမျိုး၊ ဆက်လက်လေ့လာတာမျိုး လုပ်ပါ။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ