Relationships: ငိုကြွေးနေတဲ့ဘိုးဘွားမောင်နှံကို ထွေးပွေ့ယုယပြီးပါစတာလုပ်ကျွေးတဲ့ အီတလီရဲများ

ဝမ်းနည်းအထီးကျန်နေတဲ့ သက်ကြီးရွယ်အိုမောင်နှံဟာ ပျော်ရွှင်ချမ်းမြေ့သွားကြရပါတော့တယ်။

play

 

အီတလီနိုင်ငံ ရောမမြို့က သက်ကြီးရွယ်အိုမောင်နှံရဲ့အိမ်ထဲကနေ ငိုကြွေးသံတွေကြားရတာကြောင့် စိတ်ပူသွားတဲ့ အိမ်နီးချင်းက ရဲကိုဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ အသက် ၉၄ နှစ်ရှိ အဘိုးအိုနဲ့ အသက် ၈၉ နှစ် ရှိပြီဖြစ်တဲ့ အဘွားတို့မောင်နှံကို မျက်ရည်တွေနဲ့ တွေ့လိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်သွားကြရပါတယ်။ အထီးကျန်လွန်းတဲ့ ဘိုးဘွားမောင်နှံခမျာ ကမ္ဘာတစ်ဝန်းက ထိတ်လန့်ဖွယ်ရာသတင်းတွေကြောင့်လည်း ခြေမှိုင်လက်မှိုင်ချပြီး ငိုကြွေးနေကြမှန်း သိလိုက်ရချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီတိုင်းပစ်မထားရက်တော့ပါဘူး။ ဘိုးဘွားမောင်နှံရဲ့အိမ်ကိုလာပြီး စကားတွေပြောပေးကြသလို အစားအစာတွေလည်း ချက်ပြုတ်ကျွေးမွေးကြပါတယ်။ မီးဖိုချောင်ကို အသုံးပြုခွင့်တောင်းခံပြီးမှ အီတလီခေါက်ဆွဲ (ပါစတာ) လုပ်ကျွေးကြလို့ ဝမ်းနည်းအထီးကျန်နေတဲ့ သက်ကြီးရွယ်အိုမောင်နှံဟာ ပျော်ရွှင်ချမ်းမြေ့သွားကြရပါတော့တယ်။

play

 

အီတလီရဲတပ်ဖွဲ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဘိုးဘွားမောင်နှံအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ အလည်သွားကြတဲ့အကြောင်းကိုလည်း တင်ထားပါတယ်။ လူသားချင်းစာနာထောက်ထားပြီး ကြင်နာသနားတတ်တဲ့ ရောမမြို့ကရဲတွေဟာ ဘိုးဘွားတွေရှိရာကို မကြာခဏသွားရောက်လည်ပတ်ကာ စောင့်ရှောက်ပေးနေကြတယ်လို့လည်း သိရပါတယ်။

Source : Washington Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ