Relationships: ယဉ်ကျေးပျူငှာသူတွေ လုပ်မိနေတတ်တဲ့ အကျင့် ၁၀ ခု

ကိုယ့်အတွက် အခက်အခဲဖြစ်နေပေမဲ့ ငြင်းလိုက်ရမှာလည်း ရိုင်းရာကျမှာ စိုးရိမ်တတ်သူတွေပါ။

play

 

သင်ဟာ သူများကို ဦးစားပေးတတ်သူ၊ ကိုယ့်ကို ကူညီသူတိုင်းကို မမေ့မလျော့ ကျေးဇူးတင်တတ်သူဆိုရင် ဒီလိုဒုက္ခမျိုးတွေ နေ့စဉ် ကြုံတွေ့နေရမှာ အမှန်ပါပဲ။

၁။ ဖိတ်ကြားမှုတွေကို ငြင်းပယ်ရမှာ အားနာနေတယ်။

၂။ ပျူငှာသူမို့ အကူအညီတောင်းသူတွေလည်း ပေါများသလို စိတ်မပါရင်တောင် အကူအညီတွေ ပေးနေရတယ်။

၃။ လူတွေ အခွင့်အရေးယူတာ အမြဲခံရတယ်။

၎။ ဘတ်စ်ကားပေါ် တက်ခါနီးတိုင်း၊ ဒါမှမဟုတ် တံခါးတစ်ခုကို ဖြတ်ဝင်ခါနီးတိုင်း သူများကို ဦးစားပေးမိတယ်။

၅။ ရိုင်းစိုင်းသူတွေကို ပြန်ပြောချင်ပေမဲ့လည်း အားနာတဲ့အတွက် မြိုသိပ်ထားမိတယ်။

play

 

၆။ ဘာမှမဟုတ်ဘဲလည်း တောင်းပန်နေမိတတ်တယ်။

၇။ သူများရဲ့ အကူအညီကို ယူမိရင် တစ်ကြိမ်မက ကျေးဇူးတင်ကြောင်းပြောမိတယ်။

၈။ အလုပ်မှာ မကျေနပ်ချက်ရှိရင် တာဝန်တစ်ခုယူပြီးမှ (အလုပ်တွေ သိမ်းကျုံးလုပ်ပြီးမှ) ဖွင့်ပြောတတ်တယ်။

play

 

၉။ ဆိုင်ထိုင်တဲ့အခါ ကိုယ်မှာတာက တခြား၊ သူတို့လာပို့တာက တစ်မျိုးဖြစ်နေလည်း ကိစ္စမရှိဘူးလို့ပဲ ပြောမိလိုက်တယ်။

၁၀။ လူတွေနဲ့ စကားပြောပြီး နှုတ်ဆက်ထွက်ခွာတိုင်း မပြောချင်လည်းဘဲ လာလည်ဦးလေလို့ ပြောမိတတ်တယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ