Relationships: မိတ်ဆွေတုနှင့် မိတ်ဆွေအစစ် ဘယ်လို ခွဲမလဲ

နေ့စဉ်ဆက်ဆံနေရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေဟာ ကိုယ့်အတွက် မိတ်ဆွေအစစ်လား၊ အတုလား ခွဲခြား သိဖို့ လိုအပ်ပါတယ်။

play

 

မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆိုတာ ဘဝမှာ အကြီးမားဆုံး ဆုလာဒ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ကြုံတွေ့ ဆက်ဆံနေရတဲ့အခါ မိတ်ဆွေအစစ်တွေနဲ့လည်း တွေ့နိုင်သလို အတုတွေနဲ့လည်းတွေ့နိုင်ပါတယ်။

မိတ်ဆွေ အတုနဲ့ အစစ်အကြား ကွာခြားချက်အချက် (၈) ချက်ရှိပါတယ်။

၁။ သင့်ကိုအားပေးထောက်ခံ

play

 

မိတ်ဆွေအစစ်တွေက သင်လုပ်တဲ့အရာတွေအပေါ် အားပေးထောက်ခံလေ့ရှိပါတယ်။ အများသူငါ ထိခိုက်စေမယ့် ကိစ္စကလွဲလို့ ကျန်တဲ့အရာတွေအပေါ် သင့်လုပ်ရပ်တွေကို သူတို့ အားပေးတတ်ကြပါတယ်။

၂။ သင့်ရဲ့ ရူးကြောင်ကြောင်ကိစ္စတွေကို အပြစ်မမြင်

သင့်မှာလည်း အခြားသူတွေနားလည်ရခက်တဲ့ အမူအကျင့်တွေ ရှိမှာပါ။ ဒါတွေအပေါ် သူတို့နားလည်နိုင်စွမ်းရှိကြပါတယ်။ ဥပမာ-သင်က ခုချက်ခြင်း ခရီးထသွားချင်တယ်ဆိုရင်တောင် သူတို့လိုက်လုပ်ပေးတာမျိုးပေါ့။

၃။ ခွင့်လွှတ်တတ်

မိတ်ဆွေအစစ်အမှန်တွေက သာမန်ကိစ္စတွေလောက်ကို စိတ်ထဲမထားဘဲ ခွင့်လွှတ်တတ်ကြပါတယ်။

၎။ သင့်ရဲ့ ဝါသနာအမှန်ကို ရှာဖို့တိုက်တွန်း

play

 

ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာနဲ့ ကိုယ်ဘာလုပ်ရင်ပျော်မှာလဲ ဆိုတဲ့ကိစ္စအပေါ် သူတို့ အရေးတယူ ဆွေးနွေးပြီး အကြံတွေ ပေးလေ့ရှိပါတယ်။

၅။ သင့်စရိုက်ကို သိနေ

သင်က အများရဲ့ အမြင်မှာ ရူးကြောင်ကြောင်နိုင်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမဲ့ သင့်ရဲ့ တကယ့်အတွင်းစိတ်ကို သိပြီး သူတို့နားလည်ပေးတတ်ကြပါတယ်။

၆။ လျှို့ဝှက်ထားပေး

သင့်မှာလည်း အခြားလူတွေလို လူသိမခံချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိကောင်း ရှိနေပါလိမ့်မယ်။ ဒါတွေအပေါ် သူတို့ဘက်က ကောင်းကောင်း လျှို့ဝှက်ထားပေးတတ်ကြပါတယ်။

၇။ စတိုင်အတွက် အကြံပေး

play

 

သင့်ရဲ့ စတိုင်က out of date ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ခေတ်နဲ့ မလျော်ညီတဲ့ ပုံဖြစ်နေပြီဆိုရင်တော့ သင့်ကို ပုံစံပြောင်းဖို့ သူတို့ ကူညီပါလိမ့်မယ်။

၈။ အချိန်ပေး

မိတ်ဆွေကောင်းတွေက ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သင့်အတွက် အချိန်ရအောင် ပေးပါလိမ့်မယ်။ အထူးသဖြင့် သင် အခက်အခဲ တွေ့တဲ့အချိန်၊ ဝမ်းနည်းတဲ့ အချိန်မျိုးမှာပေါ့။

မိတ်ဆွေတု

မိတ်ဆွေတုတွေကတော့ အထက်ပါ အချက် (၈) ချက်နဲ့ ပြောင်းပြန် ပြုမူဆက်ဆံပါလိမ့်မယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ