Relationships: သင့်ရပ်တည်ချက်ကို ယိုင်နဲ့စေသူတွေကို စွန့်ခွာနိုင်ဖို့ တွန်းအားပေးမယ့် အချက် (၅) ချက်

သင့်ဘဝကို ကောင်းခြင်းထက် အဆိုးတွေ ယူဆောင်လာတာ ပိုများနေသူလား။

play

 

လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်နိုင်သူတွေဟာ သူချစ်ခင်တဲ့သူတွေသာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နာကျင်ရပေမဲ့ လမ်းခွဲနှုတ်ဆက်ဖို့ ခက်ခဲနေတတ်ကြတယ်။ တစ်စုံတစ်ယောက်ဟာ သင့်ဘဝကို အကောင်းတွေထက် အဆိုးတွေ ယူဆောင်လာတာ ပိုများနေပြီး သင့်ရဲ့ပျော်ရွှင်မှုနဲ့ ရည်မှန်းချက်တွေ ယိုင်နဲ့လာပြီ ဆိုရင်တော့ စွန့်ခွာဖို့ သင်ကြိုးစားနေမှာပါ။ အဲဒီအတွက် ဒီအချက် (၅) ချက်က အထောက်အကူပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

play

 

၁။ သူ သင့်ဘဝထဲက ထွက်သွားရင် သင့်အတွက် ပိုကောင်းသွားမလား

အဲဒီလူဟာ သင့်ဘဝမှာ အလေးထားရဆုံးသူ ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမဲ့ သူ့ကြောင့် သင့်ရဲ့ဘဝဟာ ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းကုန်နေပြီလား။ သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ပျောက်ကုန်ပြီလား။ သင့်ဘဝကို ပျော်ရွှင်မှုတွေနဲ့ ကောင်းခြင်းတွေ ယူဆောင်မပေးနိုင်သူတွေကို ဖက်တွယ်ထားခြင်းက သင့်အတွက် ကောင်းကျိုး ဘယ်လောက်များများရှိမလဲ စဉ်းစားပါ။

၂။ အဆိပ်အတောက်အဖြစ်စေဆုံး နှောင်ကြိုးတွေကို ဖြတ်တောက်ဖို့ ဘာလို့ ခက်ခဲနေတာလဲ

ရိုင်းစိုင်းကြမ်းတမ်းသူ၊ အမြဲတမ်း လိမ်လည်နေသူ ဒါမှမဟုတ် စိတ်အနှောင့်အယှက်အရမ်းပေးသူတစ်ယောက် ဆိုရင်တောင် စွန့်ခွာဖို့ဆိုတာ ခက်ခဲတာ မှန်ပါတယ်။ လူတစ်ယောက်ဟာ သင့်ရဲ့ဘဝမှာ အချိန်အကြာကြီးရှိနေပြီး အရေးပါတဲ့အတွေ့အကြုံတွေ သင်နဲ့အတူ မျှဝေခဲ့သူဆိုရင် သင့်ရဲ့နှောင်ဖွဲ့မှုက အတော်လေး အားကောင်းနေမှာပါ။ သူတို့ သင့်အပေါ် ဆက်ဆံမယ့်ပုံစံ ပြောင်းမလားလို့ ကြိုးစားရင်း သူတို့ကို သင် နောက်ထပ်အခွင့်အရေးပေးဖို့ စဉ်းစားကောင်းစဉ်းစားနေမှာပါ။ ဒါပေမဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်ခံစားချက်ကို နားထောင်ပါ။ သင့်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကို သင့်ရဲ့အတွင်းစိတ်က သိနေပါတယ်။

play

 

၃။ သင်ဟာ သင်ထင်တာထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်သူပါ

ဆိုးရွားတဲ့ အချစ်ရေး ဒါမှမဟုတ် ဆက်ဆံရေး တစ်ခုကို ဖြတ်တောက်ပြီး သူငယ်ချင်းအသစ်တွေ ဒါမှမဟုတ် ချစ်သူအသစ် ရှာဖို့ဆိုတာ ရင့်ကျက်မှုရှိဖို့လိုပါတယ်။ မရင့်ကျက်သူတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူတွေဟာ အထီးကျန်မှာ ဒါမှမဟုတ် လူသစ်တွေနဲ့ ဆက်ဆံဖို့ ကြိုးစားရမှာကို ကြောက်ရွံ့တဲ့အတွက် စိတ်ပျက်စရာကောင်းတဲ့ ဆက်ဆံရေးတွေကို တွယ်ဖက်ထားတတ်ကြတယ်။ ဆက်ဆံရေးတစ်ခုကို အကဲဖြတ်ပြီး အဆုံးသတ်သင့်တာကို အဆုံးသတ်ရဲတဲ့ အင်အားသာ သင့်မှာရှိရင် သင်ဟာ တည်ငြိမ်ရင့်ကျက်သူတစ်ဦး ဖြစ်သွားမှာပါ။

၎။ သင့်ရဲ့တွယ်တာမှုနဲ့ သူတို့နဲ့ မထိုက်တန်ဘူးလို့ သင်သံသယဖြစ်နေပြီဆိုရင် အဲဒါအမှန်ပါပဲ

တစ်စုံတစ်ယောက်နဲ့ အတူရှိနေရတဲ့အချိန်မှာ သင်ဟာ သင်မဟုတ်သလို ခံစားနေရပြီဆိုရင် အဲဒီဆက်ဆံရေးကို ရှေ့ဆက်သင့်မသင့် စဉ်းစားသင့်ပါပြီ။ သင့်ရဲ့တန်ဖိုးကို မသိသူအတွက် ဘာလို့ အချိန်ဖြုန်းနေမှာလဲ။ ဆက်ဆံရေးတစ်ခုက သင့်ရဲ့ ရပ်တည်ချက်နဲ့ ဘဝတန်ဖိုးကို ထိခိုက်လာပြီဆိုရင်တော့ စွန့်ခွာရမယ့်အချိန် ရောက်ပါပြီ။

play

 

၅။ တံခါးတစ်ခုပိတ်ရင် နောက်တံခါးတစ်ခု ပွင့်လိမ့်မယ်

သင်နဲ့ အရင်းနှီးဆုံးသူတစ်ဦးကို ဆုံးရှုံးရတာဟာ ဝမ်းနည်းကြေကွဲရပြီး ဝေဒနာပျောက်ကင်းဖို့ အချိန်ယူရပေမဲ့ ရေရှည်အကျိုးကျေးဇူးတွေက ကြီးမားလှပါတယ်။ ဆိုးရွားတဲံ သင့်ရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးစားရင်း အချိန်ဘယ်လောက်များများ သင်ပေးခဲ့ရပြီလဲ။ သင့်ကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေတဲ့သူနဲ့ လုံးဝအဆက်အသွယ် ဖြတ်လိုက်ချိန်မှာ သင့်မှာ အချိန်တွေနဲ့ စွမ်းအင်တွေ ပိုလာပါလိမ့်မယ်။ အဲဒါတွေကို သင့်ရဲ့ တိုးတက်မှု၊ ဝါသနာနဲ့ အလုပ်တို့မှာ အသုံးချနိုင်ပါတယ်။ ပျော်စရာမကောင်းတဲ့ ဆက်ဆံရေးကို လက်လွှတ်လိုက်တာဟာ တောက်ပတဲ့ အနာဂတ်ကို ရဖို့ ရွေးချယ်လိုက်ခြင်းပါပဲ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ