Relationships: မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူကို ဘယ်လောက်ဂရုစိုက်ကြောင်း ပြသနိုင်မယ့်နည်းလမ်း (၅) မျိုး

play

 

၁။ ဘောလုံးပွဲလက်မှတ်

ကိုယ်မပါဘဲ သူနဲ့သူ့ရဲ့သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်အားပေးနိုင်ဖို့ ဘောလုံးပွဲလက်မှတ် ဝယ်ပေးလိုက်ပါ။ သူ့ကိုဂရုစိုက်သလို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုလည်း နားလည်ပေးတာဆိုတာသူသိသွားရင် ပိုလို့တောင်ချစ်မဝ ဖြစ်လာပါလိမ့်မယ်။ သူ့ရဲ့သူငယ်ချင်းတွေကပါ ကိုယ့်ကိုခင်မင်လာဦးမှာသေချာပါတယ်။

play

 

၂။ အံ့သြစေမယ့်ခရီးကိုစီစဉ်ပေးပါ

သူ့ရဲ့အားလပ်ရက်နဲ့ အနားယူချိန်တွေကို သိအောင်လုပ်ထားပြီး သူမသိအောင် ခရီးတစ်ခုပြင်ဆင်ပါ။ သွားခါနီးမှ ကပ်ပြောပြီး အံ့သြအောင်လုပ်လိုက်ပါ။ သူဘယ်အချိန်အားလဲ၊ ဘယ်ကိုသွားချင်လဲဆိုတာကိုတော့ သိအောင်ကြိုးစားဖို့တော့ အရေးကြီးပါတယ်။

play

 

၃။ ချက်ပြုတ်ကျွေးမွေးပါ

ယောက်ျားတစ်ယောက်ဟာ အစားအစာကောင်းကောင်း ချက်ကျွေးတတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။ သူကြိုက်မယ့်အစားအစာကို ကိုယ်တိုင်လုပ်ကျွေးတာကလည်း ကိုယ့်အချစ်ကို ပြသရာရောက်ပါတယ်။

play

 

၎။ စမတ်ကျတဲ့ဝတ်စုံ

သူ့မှာရှပ်အင်္ကျီတွေ၊ တီရှပ်တွေ အများကြီးရှိပါလိမ့်မယ်။ ဒါပေမဲ့ ပွဲလမ်းတွေမှာဝတ်ဆင်နိုင်မယ့် စမတ်ကျတဲ့ဝတ်စုံတစ်စုံလောက်တော့ သူ့ကိုဆင်ပေးလိုက်ပါ။ ကိုယ်ပဲအလှအပကြိုက်တာမဟုတ်ဘဲ သူ့ကိုလည်း ဂရုတစိုက်ရှိတယ်ဆိုတာ ဒီနည်းလမ်းနဲ့လည်း သက်သေပြနိုင်ပါတယ်။

play

 

၅။ ချစ်တယ်လို့ပြောဖို့မနှမျောပါနဲ့

မိန်းကလေးတွေက ရှက်လို့ပဲဖြစ်ဖြစ် ချစ်တယ်ဆိုတဲ့စကားကို သိပ်မပြောကြပါဘူး။ ချစ်တယ်ဆိုတဲ့စကားဟာ ချစ်သူနှစ်ဦးကြားမှာ နားဝင်အချိုဆုံးစကားပါ။ တကယ်ချစ်ရသူကို ချစ်တယ်လို့ ခဏခဏပြောဖို့လိုအပ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ