Relationships: အိုလံပစ်မှာ ချစ်သူကို ကမ္ဘာသိ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အားကစားသမား

သူတို့စုံတွဲဟာ ချစ်သူသက်တမ်း ခြောက်နှစ်ရှိပြီ ဖြစ်ပါတယ်။

play
ပျော်ရွှင်သွားသည့် ဟီဇီ၏ချစ်သူ


ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲမှ လှပတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ (သြဂုတ် ၁၄ ရက်) က တရုတ်ဒိုင်ဗင်အားကစားမယ် ဟီဇီက အမျိုးသမီး ၃ မီတာ ဒိုက်ဗင်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

play
တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့ ရုပ်မြင်သံကြား ကင်မရာမြင်ကွင်းရှေ့မှ ချစ်သူနှစ်ဦး


ဒါပေမဲ့ ဒီ ငွေတံဆိပ်ဆုက သူမအတွက် ချက်ချင်းဆိုသလိုပဲ အသေးအမွှားဖြစ်သွားပြီး သူမအတွက် အလွန် နှစ်သက်မြတ်နိုးစရာ ဆုကို သူမရဲ့ချစ်သူ ကွင်ရှီထံမှ ရရှိခဲ့ပါတယ်။

play
မထင်မှတ်ထားချိန်မှာ ချစ်သူထံမှ လက်ထပ်ခွင့်တောင်းမှုကို ရခဲ့မှုကြောင့် အံ့သြဝမ်းသာနေတဲ့ ဟီဇီ


သူမရဲ့ချစ်သူက တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့ ဆုချီးမြှင့်တဲ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု ရုပ်မြင်သံကြား ကင်မရာမြင်ကွင်းရှေ့မှာပဲ သူမကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံလိုက်တာ ဖြစ်ပါတယ်။

play
ရွှေတံဆိပ်နဲ့ ကြေးတံဆိပ်ရခဲ့သည့် ပြိုင်ဘက်နှစ်ဦးက ဟီဇီကို အော်ဟစ်ဂုဏ်ပြုနေစဉ်။


ဟီဇီရဲ့ချစ်သူကလည်း ဒိုင်ဗင်အားကစားသမားဖြစ်ပြီး အမျိုးသား ၃ မီတာ ဒိုင်ဗင်ပြိုင်ပွဲမှာ ကြေးတံဆိပ် ရရှိထားပါတယ်။ ဟီဇီက ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းခဲ့တဲ့ ချစ်သူကို အံ့သြဝမ်းသာစွာနဲ့ ခေါင်းညိတ်လက်ခံခဲ့ပါတယ်။

play
တရုတ် ဒိုက်ဗင်အားကစားမယ် ဟီဇီ


သူတို့စုံတွဲဟာ ချစ်သူသက်တမ်း ခြောက်နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ချစ်သူက ဒီလိုနေ့မျိုးမှာ လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ မထင်ထားခဲ့ကြောင်း ဟီဇီက ပြောပါတယ်။ သူမရဲ့ဘဝတစ်လျှောက်လုံးအတွက် သူမရဲ့ချစ်သူကို ယုံကြည်မှုရှိကြောင်းလည်း ဟီဇီက ဖွင့်ဟခဲ့ပါတယ်။
Source & Photo: Reuters, BBC, EPA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ