Relationships: ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်

လေ့လာမှုအသစ်တစ်ခုအရ သိရှိရတာ ဖြစ်ပါတယ်။

play

 

အိပ်ရေးဝဝ အိပ်ခြင်းက အိမ်ထောင်ရေး ပျော်ရွှင်မှုအတွက် သိသိသာသာ သက်ရောက်မှုရှိတယ်လို့ လေ့လာမှုသစ်တစ်ခုက Family Psychology ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သုတေသီတွေက အိုဟိုင်းအိုးပြည်နယ်က စုံတွဲ ၆၈ တွဲကို အိပ်ချိန်၊ သူတို့ရဲ့ဆက်ဆံရေး၊ ကျေနပ်အားရမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းပြီး ရရှိခဲ့တဲ့ အဖြေဖြစ်ပါတယ်။

play

 

ပျန်းမျှအိပ်ချိန်ထက် ပိုအိပ်သူတွေဟာ နောက်တစ်နေ့မှာ သူတို့ရဲ့ အိမ်ထောင်ရေးအပေါ် ကျေနပ်အားရမှု ပိုမိုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အိပ်ရေးဝတဲ့ အမျိုးသားတွေဟာလည်း ဒေါသထွက်တာ၊ ငြင်းခုန်တာတွေ နည်းပါးသွားပါတယ်။

play

 

အိပ်ရေးမဝတဲ့သူတွေဟာ အလိုလို ဒေါသထွက်နေတတ်တာဖြစ်တဲ့အတွက် ဒါဟာ ဖြစ်နိုင်ခြေရှိပါတယ်။ အိပ်ရေးဝခြင်းဟာ ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်ခြင်းနဲ့လည်း ဆက်စပ်နိုင်ခြေရှိပြီး ပြဿနာတစ်ခုကို ဆွဲဆန့်နေတာထက် မြန်မြန်ဖြေရှင်းနိုင်စွမ်း ရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ