Relationships: ချစ်သူတွေ လမ်းခွဲစကားမပြောသင့်တဲ့နေရာ (၇)ခု

, updated

ဘယ်လိုနေရာမျိုးတွေမှာ လမ်းခွဲစကား မပြောသင့်ဘူးဆိုတာလည်း သိထားဖို့လိုပါတယ်။

play


ချစ်သူရည်းစားဆိုတာ ဘယ်လောက်ချစ်ကြတယ်ပြောပြော အဆင်မပြေရင် ပြတ်တတ်ကြတာမျိုးပါ။ နောက်ပြီး အကြောင်းကြောင်းကြောင့် တစ်ဖက်ဖက်က လမ်းခွဲစကားပြောပြီး ပြတ်စဲဖို့ကြိုးစားရတာတွေလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လိုနေရာမျိုးတွေမှာ လမ်းခွဲစကား မပြောသင့်ဘူးဆိုတာလည်း သိထားဖို့လိုပါတယ်။

၁။ ကားမှတ်တိုင်၊ ရထားဘူတာ

play


လူတိုင်း ရေးကြီးသုတ်ပျာ ဖြစ်နေတတ်ကြတဲ့ နေရာမျိုးပါ။ လမ်းခွဲဖို့ပြောတယ်ဆိုတာ အဆင်ပြေပြေနဲ့ အေးဆေးညင်သာစွာ ပြီးဆုံးသွားသင့်တဲ့ အခြေအနေမျိုးပါ။ အဲ့တာကို ဒီလိုလူမြင်သူမြင်၊ လူအရှုပ်ဆုံးနေရာမှာ ပြောဆိုလိုက်ရတာက အဆင်မပြေဖို့အများဆုံးပါပဲ။ နောက်ပြီး ဖြေရှင်းတာတွေ၊ ငြင်းခုံရတာတွေပါ ပါလာရင် အရှက်ကွဲရတာမျိုးလည်း မဖြစ်သင့်ပါဘူး။

၂။ ရုပ်ရှင်ရုံ

play


ရုပ်ရှင်ရုံဆိုတာ ချစ်သူရည်းစားတွေ ယုယကြင်နာမှုတွေဖလှယ်ခွင့်ရတဲ့နေရာပါ။ ချစ်သူတွေရဲ့ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေကို ဖန်ဆင်းပေးတဲ့နေရာဆိုလည်းမမှားဘူးပေါ့။ အဲလိုနေရာမျိုးမှာ ကိုယ်က လမ်းခွဲပြတ်စဲဖို့ပြောလိုက်တာက ဘယ်လိုမှအပ်စပ်မှုမရှိပါဘူး။

နောက်ပြီး ရုပ်ရှင်ရုံဆိုတာ ပြနေတဲ့ရုပ်ရှင်ဇာတ်ကားရော၊ ကံဆိုးရင် လာကြည့်တဲ့ ပရိသတ်တွေ ပြည့်နှက်နေတာမျိုးရောနဲ့ဆိုရင် တော်တော်အောင့်သီးအောင့်သက်နိုင်မယ့် အဖြစ်မျိုးဖြစ်သွားမှာပါ။

၃။ စာသင်ခန်း

play


တက္ကသိုလ်ကျောင်းသူကျောင်းသားလေးတွေရဲ့ အချစ်ဇာတ်လမ်းဆိုတာ အရမ်းစိတ်ကူးယဉ်ဆန်တဲ့ အရာပါ။ ဒီလိုပဲ သူတို့လေးတွေ လမ်းခွဲပြတ်စဲတယ်ဆိုတာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲပေါ့။ ဒါပေမဲ့ ကျောင်းမှာရှိနေတယ်ဆိုရင်တောင် လမ်းခွဲဖို့စကားကို စာသင်ခန်းထဲမှာ ပြောတာမျိုးတော့ မဖြစ်ပါစေနဲ့။

ဘေးပတ်ဝန်းကျင်နဲ့ တခြား ဂရုစိုက်အလေးထားစရာတွေ ရှိပါသေးတယ်။ ဖြစ်နိုင်ရင် စာသင်ခန်းနဲ့ဝေးပြီး လူနည်းတဲ့ ကျောင်းလှေကား၊ ကျောင်းကန်တင်းလို နေရာမျိုးတွေမှာ ပြောပါ။

၎။ တိရစ္ဆာန်ရုံ

play


ပန်းခြံနဲ့ တိရစ္ဆာန်ရုံ မတူပါဘူး။ ပန်းခြံဆိုတာ ချစ်သူရည်းစားတွေ ချိန်းတွေ့တာ လမ်းခွဲတာတွေ အများဆုံးဖြစ်လေ့ရှိပေမဲ့ တိရစ္ဆာန်ရုံက သပ်သပ်ပါ။ တိရစ္ဆာန်ရုံမှာ ငါ့ကိုဖြတ်သွားတယ်ဆိုတာမျိုးက အပ်စပ်မှုမရှိသလို လူကြားလို့လည်း မကောင်းပါဘူး။ အူကြောင်ကြောင်နိုင်လွန်းပါတယ်။

၅။ အလုပ်

play


ဒါကတော့ ပရော်ဖက်ရှင်နယ်ဆန်သူတိုင်း သိမှာပါ။ ကိုယ်ရေးကိုယ်တာကိစ္စ အထူးသဖြင့် လမ်းခွဲပြတ်စဲတာလို အရေးကြီးတဲ့ နှစ်ကိုယ်သိကိစ္စကို အလုပ်ထဲမှာ ဘယ်တော့မှ မလုပ်ပါနဲ့။

၆။ ပါတီ

play


လူတွေအပျော်ရှာဖို့ သွားကြတာပါ။ သင်လည်း ပျော်ရွှင်ဖို့သွားတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဆူညံခုန်ပေါက်နေတဲ့ကြားမှာ လမ်းခွဲရအောင်လို့ ပြောတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

၇။ နှစ်ဖက်မိဘတွေအိမ်

play


ကိုယ်က သူတို့မိဘတွေဆီသွားလည်ရင်းပဲဖြစ်ဖြစ်၊ သူက ကိုယ်တွေမိသားစုအိမ်လာတာပဲဖြစ်ဖြစ် အဲ့လိုအချိန်မျိုးမှာ လမ်းခွဲဖို့ပြောတာကိုရှောင်ပါ။ လူကြီးတွေမျက်နှာရှိသလို၊ တစ်ဖက်ကို အရှက်ရစေသလိုဖြစ်သွားပါလိမ့်မယ်။
Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ