Relationships: မက်ဆေ့တစ်စောင်ကြောင့် ကမ္ဘာ့အချုပ်ချယ်ဆုံး ချစ်သူလို့ အပြောခံနေရတဲ့ အမျိုးသား

ကောလိပ်သွားတက်ရတော့မယ့် ချစ်သူကို တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်နေတာ ဖြစ်ပါတယ်။

play

 

ချစ်သူအချင်းချင်းကြားမှာ အပြန်အလှန်ပို့ထားတဲ့မက်ဆေ့တစ်စောင်ကြောင့် အမေရိကန်မှာ နေထိုင်တယ်လို့ယူဆရတဲ့ အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အချုပ်ချယ်ဆုံးအမျိုးသားတစ်ဦးအဖြစ် လူမှုကွန်ရက်မှာ နောက်ပြောင်ခြင်းခံရနေရပါတယ်။

ကောလိပ်ကျောင်း တက်ဖို့ အခြားမြို့မှာ သွားနေရတော့မယ် သူ့ရဲ့ချစ်သူထံကို ပို့ထားတဲ့ မက်ဆေ့ဖြစ်ပါတယ်။ ဒီမက်ဆေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာပါ။ " ယောက်ျားလေး သူငယ်ချင်းမထားရ၊ အရက်မသောက်ရ" ဆိုတဲ့ အချက်နှစ်ခုကို ထပ်ခါထပ်ခါသတိပေးပြီး မက်ဆေ့ပို့ထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရှည်လျားတဲ့ မက်ဆေ့ထဲမှာ နောက်ထပ်တားမြစ်ချက်တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ အဆိုပါအမျိုးသားက သူကိုယ်တိုင်လည်း ပါတီပွဲတွေ ဆိုတာမျိုးကို မသွားတဲ့အတွက် သူ့ရဲ့ချစ်သူကိုလည်း မသွားဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ သူဖုန်းဆက်တိုင်း ဖုန်းကိုင်ဖို့နဲ့  ပါတီတွေထက် သူက ပိုအရေးကြီးကြောင်းကို သိထားဖို့ ပြောထားတာပါ။

play

 

ည အိမ်ပြန်ရောက်တဲ့အချိန် ၉း၃၀ နာရီတိုင်းမှာ နေ့တိုင်းဖုန်းခေါ်ဖို့လည်း စည်းကမ်းထုတ်ထားပါသေးတယ်။ သူတို့အချစ်ရေးကို အနှောက်အယှက်ဖြစ်စေမယ့် ဘယ်လိုအရာမျိုးမှ မလုပ်လည်း သူ့ရဲ့ချစ်သူကို တားမြစ်ထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ