Relationships: ကိုယ်ကျိုးထက် အများအကျိုးကြည့်သူက အချစ်ရေးမှာ ပိုစွံကြ

ရုပ်ရည်ချောမောလှပဖို့ထက် စိတ်ထားလှအောာင် ကြိုးစားဖို့သာ လိုပါတယ်။

play

 

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့၊ အဝတ်အစားအကောင်းစားတွေ ဝယ်ဖို့ စိတ်ကူးမနေပါနဲ့တော့။ ချစ်သူဝိုင်းဝိုင်းလည်နေချင်ရင် သဘောမနောကောင်းသူတစ်ဦး ဖြစ်နေဖို့သာ လိုပါတယ်။

မကြာသေးမီက ပြုလုပ်လိုက်တဲ့ သုတေသနတစ်ခုအရ ပရဟိတသမားတွေက ဆန့်ကျင်ဘက် လိင်ကို ကောင်းကောင်းဆွဲဆောင်နိုင်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ပိုသိသာတယ်လို့ ဆိုပါတယ်။

play

 

ခဏတာ တွဲတဲ့သူနဲ့ပဲဖြစ်ဖြစ်၊ အချစ်ရေးအိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် သူများကို ကူညီချင်စိတ်ရှိသူတွေဟာ လိင်ကိစ္စမှာ သာယာပျော်ရွှင်မှု ပိုရကြတယ်လို့ ယင်းလေ့လာမှုက ဆိုပါတယ်။

ယင်းလေ့လာမှုအတွက် သုတေသီတွေက လူပေါင်း ၈၀၀ ကို သူတို့ရဲ့ အချစ်ရေးအိမ်ထောင်ရေးအကြောင်းတွေနဲ့ တခြားသူတွေကို ကူညီမှုတွေအကြောင်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

play

 

တခြားသူတွေကို ကူညီမှုဆိုတဲ့အထဲမှာ အလှူဒါနလုပ်တာ၊ သွေးလှူဒါန်းတာ၊ လမ်းမှာ မြင်တွေ့သူတွေကို ကူညီတာနဲ့ အတန်းဖော်၊ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီတာ စတာတွေ ပါဝင်ပါတယ်။

ရုပ်ရည်နဲ့ အသက်အရွယ်ကို ထည့်သွင်းချိန်ညှိပြီးတဲ့နောက်မှာတော့ ပရဟိတသမားတွေက ဒိတ်လုပ်ခြင်းနဲ့ လိင်ဆက်ဆံခြင်းမှာ ပိုမိုအောင်မြင်မှု ရရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ