Relationships: ကွဲသွားရင် လက်ထပ်လက်စွပ်တွေကို ဘာလုပ်ပစ်ကြလဲ

လက်ထပ်လက်စွပ်ကို ဆွဲချွတ်ပြီး အိမ်ထောင်ဘက်ကို ပစ်ပေါက်ခဲ့ပါတယ်။

play

 

ကွဲသွားတဲ့အခါ လက်ထပ်လက်စွပ်တွေကို လူတွေက ဘာလုပ်ပစ်တတ်ကြလဲဆိုတာကို  The Guardian သတင်းစာကြီးရဲ့ ဝက်ဘ်ဆိုက်ကဖော်ပြထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းက အိမ်ထောင်ကွဲ အမျိုးသား၊ အမျိုးသမီးတွေကို မေးထားတာဖြစ်ပါတယ်။

အသည်းမာသူ

ကွဲတဲ့အခါ လက်စွပ်ကို ယူခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီလက်စွပ်ကို ပြန်လှည့် မကြည့်ကြတော့ပါဘူး။ အိမ်ထဲမှာရှိမှန်းသိပေမဲ့ ဘယ်နားထားလို့ထားမှန်းတောင် မသိတော့ပါဘူး။ လိုက်လည်း မရှာချင်တော့ပါဘူး။

play

 

ဒေါသ

ဒေါသကြီးသူတွေ ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်ကို ဆွဲချွတ်ပြီး အိမ်ထောင်ဘက်ကို ပစ်ပေါက်ခဲ့ပါတယ်။

ဒရမ်မာ

ကတ္တီပါလမ်းခွဲသမားတွေ ဖြစ်ပါတယ်။ လက်ထပ် လက်စွပ်နဲ့ပတ်သက်လို့ ဒရမ်မာဆန်ဆန်ဖြစ်ရပ် ရှိသူပါ။ ဥပမာ - အိမ်ကထွက်လာတဲ့ညမှာ သူ့ရဲ့လက်စွပ်ကို သူ့ယောက်ျားကို ပေးခဲ့ပြီး သူ့ယောက်ျားကလည်း သူ့လက်စွပ်ကို ပြန်ပေးခဲ့တယ်လို့ အသက် ၃၁ နှစ်အရွယ် စာရေးဆရာ မီချယ်အိုဘာဟော့ဇာက ပြောထားပါတယ်။

play

 

လက်တွေ့ကျသူ

လက်စွပ်ကို အရည်ပြန်ကြိုပြီး တခြားပစ္စည်းလုပ်သုံးတာလည်း ရှိပါတယ်။ ၃၇ နှစ်အရွယ် အထက်တန်းပြဆရာမတစ်ဦးဟာ အရည်ကြိုပြီး လော့ကတ်သီးလိုပုံစံမျိုးလုပ်ဖို့စဉ်းစားထားပါတယ်။ လက်စွပ်ပေါ်က စိန်ပွင့်ကိုတော့ ရောင်းစားမယ်လို့ ဆိုထားပါတယ်။

Photos & Source: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ