Relationships: မိသားစုအတွင်း စည်းလုံးမှုပျက်ပြားစေတဲ့ အကြောင်းအရင်း (၅) ခု

မိသားစုတွင်း လိမ်လည်မှုဟာ စည်းလုံးမှုပျက်ပြားစေတဲ့ အဓိကအကြောင်းအရင်းကြီး ဖြစ်ပါတယ်။

play

 

ဝေဖန်မှု

စကားလုံးတွေမှာ အတိုင်းအဆရှိပါတယ်။ ဝေဖန်စော်ကားတဲ့ စကားလုံးတွေကိုပြောတဲ့အခါ သုံးစွဲသင့်တဲ့ စကားလုံးမဟုတ်ရင် မိသားစုပေမဲ့ နာတတ်ပါတယ်။ သင့်စကားလုံးတွေကို မိသားစုတွင်းမှာလည်း ထိန်းထိန်းသိမ်းသိမ်း သုံးစွဲသင့်ပါတယ်။ မိသားစုတွေနဲ့စကားပြောရာကနေ အလေ့အကျင့်ဖြစ်သွားပြီး အများနဲ့ပြောရာမှာလည်း အဆင်ပြေစေပါတယ်။

အတင်းစကား

မိသားစုတွင်း ပြဿ     နာရှိရင် တိုက်ရိုက်ဖြေရှင်းသင့်ပါတယ်။ မိသားစုတွင်း ဟိုဟိုဒီဒီလျှောက်ပြောရင်း ပြဿ     နာက ပိုဆိုးတတ်ပါတယ်။

play

 

ချန်ထားမှု

မိသားစုအရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခုကို လုပ်ဆောင်တဲ့ အခါ အားလုံးကို ထည့်သွင်းပါ။ သူတို့ဘက်က ငြင်းမယ်ဆိုတာကို ကြိုသိရင်တောင်မှ  မေးရမှာပဲ ဖြစ်ပါတယ်။

လိမ်လည်မှု

မိသားစုတွင်း လိမ်လည်မှုဟာ စည်းလုံးမှုပျက်ပြားစေတဲ့ အဓိကအကြောင်းအရင်းကြီး ဖြစ်ပါတယ်။

play

 

ခြားနားမှု

မိခင်၊ ဖခင်တူရင်တောင်မှာ အစ်ကိုနဲ့ ညီ စရိုက်မတူပါဘူး။ အစ်မနဲ့ ညီမ အကြိုက် မတူပါဘူး။ အမျိုးမျိုး ကွဲပြားကြပါတယ်။ ဒီလို ကွဲပြားမှုကို လက်ခံနိုင်ရမှာပါ။ အကြီးက ဒီလိုဖြစ်လို့ အငယ်လည်း ဒီလိုဖြစ်ရမယ်ဆိုတာက အမြင်ကျဉ်းလွန်းပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ