Relationships: လူအများ သဘောကျတဲ့လူဖြစ်ဖို့ သင့်မှာ လိုအပ်နေတဲ့ အချက် (၇) ချက်

, updated

တစ်ယောက်ယောက်က ပြောတဲ့စကားကို အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်ပါ။

play

 

၁ - နှိမ့်ချပါ

အမှားကိုဝန်ခံပါ၊ မကြွားပါနဲ့။ ချီးကျူးသင့်သူကို ချီးကျူးစကားပြောပါ။ သင့်အမှားတွေကို လက်ခံလိုက်တဲ့အခါ လူတွေက သင့်အပေါ် နွေးထွးလာပါလိမ့်မယ်။

၂ - တစ်ကိုယ်ကောင်းမဆန်ပါနဲ့

သင့်ရဲ့ လုပ်ဆောင်ပုံတွေသာ မကဘူး၊ိ ပြောပုံဆိုပုံကပါ တစ်ကိုယ်ကောင်းမဆန်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောချင်နေတာမျိုးကလည်း လူတွေ အမြင်ကတ်တဲ့ အကြောင်းတစ်ခုပါ။

play

 

၃ - အပြုသဘောဆောင်ပါ

အမြဲတမ်းညည်းညူနေတတ်တဲ့ လူနားမှာ ဘယ်သူမှ မနေချင်ပါဘူး။

၎ - စိတ်ဝင်စားပါ

တစ်ယောက်ယောက်က ပြောတဲ့စကားကို အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်ပါ။ သင်ကိုယ်တိုင် ပြောတဲ့အခါမှာလည်း တကယ်သိပြီး တကယ်စိတ်ဝင်စားတဲ့အကြောင်းကိုပဲ ပြောပါ။ တော်ရုံကိစ္စကိုတော့ ရှည်ရှည်ဝေဝေး မပြောပါနဲ့။

play

 

၅ - ကိုယ်ပိုင်လမ်းကြောင်း

အများကြိုက် လိုက်နေရတဲ့ လူမဟုတ်ဘဲ ကိုယ်ပိုင်လမ်းကြောင်းနဲ့ နေပါ။ ကိုယ်ပိုင်ရည်မှန်းချက်၊ ကိုယ်ပိုင်ဝါသနာနဲ့ နေပါ။ ဒီဝါသနာတွေ၊ ဒီရည်မှန်းချက်တွေပေါ်မှာလည်း ချစ်ခင်တဲ့စိတ်ရှိပါ။ ကိုယ်ပိုင်ပုံစံနဲ့ ကိုယ့်ဘာသာကိုယ်နေထိုင်တာဟာ လူတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ တခြားလူတွေကို ဝေဖန်တာတွေလည်း လုပ်မနေချင်တော့ပါဘူး။

play

 

၆ - ပြော့ပျောင်းပါ

ဘယ်ကိစ္စမဆို အကဲမဆတ်ဖို့ အရေးကြီးပါတယ်။ လူတွေနဲ့ ဆက်ဆံရေးမှာ အလျှော့အတင်းရှိဖို့ လိုပါတယ်။ ကိစ္စတိုင်းဟာ ကိုယ့်အကြိုက်ချည်းပဲ ဖြစ်မနေတာကြောင့်ပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ