Relationships: အမျိုးသားတွေ မကြိုက်တဲ့ အမျိုးသမီးများရဲ့ အမူအကျင့် (၈) မျိုး

အမူအရာတွေကြောင့် လူတစ်ယောက်ကို ချစ်လို့ရသလို မုန်းလို့လည်း ရပါတယ်။

play

 

တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုဆို တစ်ယောက်နဲ့ ပတ်သက်သမျှ အရာအားလုံးကိုတော့ လိုက်ပြီး နှစ်သက်ပေးမနေနိုင်တာ သဘာဝဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေ မုန်းတီးတဲ့ အမျိုးသမီးများရဲ့ အမူအကျင့် (၈) မျိုး ရှိပါတယ်။

၁။ ဟာသကို လိုက်မရယ်ပေးရင်

play

 

အမျိုးသားတွေ ဟာသတစ်ခုခု ပြောလိုက်ရင် အလိုက်သင့်လေး လိုက်ရယ်ပေးပါ။ သင်သိပြီးသား ဆိုရင်တောင်မှ သူကျေနပ်အောင် နည်းနည်းရယ်ပေးပါ။

၂။ အလွမ်းဇာတ်တွေ အရမ်းခင်းရင်

ဖြစ်သမျှ ကိစ္စတိုင်းဟာ သူတို့အတွက် ခံစားရသလို ပတ်ဝန်းကျင်ထင်အောင် ပြောနေပြီး အမျိုးသားတွေကို လူဆိုးကြီးဖြစ်အောင် လုပ်မယ်ဆိုရင်လည်း အမျိုးသားတွေ မုန်းကြပါတယ်။

၃။ အရမ်းကြာရင်

play

 

အမျိုးသားတွေမှာလည်း လုပ်စရာမရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်တွေဘာတွေသွားတဲ့အခါ အချိန်အရမ်းယူနေရင် အမျိုးသားတွေ စိတ်မရှည်ကြပါဘူး။

၎။ တွယ်ကပ်လွန်းရင်

ချစ်တာက ချစ်တာပါပဲ။ အတိုင်းအတိုင်းကို ကျော်လွန်ပြီး လွတ်လပ်ခွင့်ကို ပိတ်ပင်လောက်တဲ့အထိ အရမ်းတွယ်ကပ်နေရင်အမျိုးသားတွေ မုန်းကြပါတယ်။ ဥပမာ ဘယ်သွားသွား လိုက်မယ်ဆိုတာမျိုးတွေပါ။

၅။ သဝန်အရမ်းတိုရင်

သဝန်တိုတာ မိန်းကလေးတွေသဘာဝပါ။ သဘာဝကျကျ သဝန်တိုမယ်ဆိုရင် အမျိုးသားတွေက ကြိတ်ပြီးသဘောကျပေမဲ့ အလွန်အကျွံဖြစ်လာရင် မုန်းကြပါတယ်။

၆။ အတင်းအရမ်းပြောရင်

ဝါသနာပါတယ်ဆိုရင် သူငယ်ချင်းတွေနဲ့ပဲပြောပါ။ သူများတွေရဲ့ အကြောင်းက အမျိုးသားတွေ သိပ်စိတ်မဝင်စားကြပါဘူး။

၇။ ရည်းစားဟောင်းအကြောင်း

play

 

သဘောထားကြီးတယ်ဆိုပေမဲ့ ရည်းစားဟောင်းအကြောင်း ခဏခဏ ပြောနေရင်လည်း အမျိုသားတွေ စိတ်ကုန်သွားပါလိမ့်မယ်။

၈။ လောဘကြီးရင်

သာမန်လူတိုင်းမှာ လောဘက အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ ဒါပေမဲ့ သင်က ငွေကို သာမန်ထက်ပိုပြီး တမ်းတမ်းစွဲ မက်နေရင် ချစ်သူတွေစိတ်ကုန်သွားတတ်ကြပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ