Relationships: စိတ်ရောကိုယ်ပါ အရင်းနှီးဆုံး ချစ်သူတွေဖြစ်သွားပြီဆိုတာ ပြနေတဲ့ အပြုအမူ (၇) ခု

သူနဲ့ ပတ်သက်လို့ အရာရာကို လက်ခံသွားနိုင်ပါပြီ။

play

 

အပေါ်ယံဟန်ဆောင်မှုတွေ လုံးဝကွာကျပြီး ကိုယ်အစစ်အမှန်ကို လက်ခံနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။

၁။ ပြင်ဆင်ထားခြင်းမရှိတဲ့ အနမ်း

play

 

ချစ်သူနဲ့ တွေ့မှာမို့လို့ သွားသေချာတိုက်၊ ပီကေတွေစား၊ ချိုချဉ်တွေ စားတာမျိုးမဟုတ်ဘဲ တစ်နေကုန် စားချင်တာစားပြီး နမ်းလိုက်တဲ့အနမ်းမျိုး၊ အိပ်ရာထ အနမ်းမျိုးတွေကကတောင် ရင်ခုန်မှုပေးနေဆဲပါပဲ။

၂။ အော့အန်ချိန်

play

 

ဘယ်လောက်ပဲ ဆွဲဆောင်မှုကောင်းသူပဲဖြစ်ဖြစ် အန်ပြီးစအချိန်မှာတော့ ဘယ်လိုမှ သဘောကျစရာမရှိပါဘူး။ သူနဲ့အတူ သောကြာညအတူစားသောက်ပြီး လူမှန်းသူမှန်းမသိ မူးပြီး အော့အန်ပြီးတာတောင် ကိုယ်ဟာ သူ့အတွက် ဆွဲဆောင်မှုရှိတုန်းဖြစ်သလို သူကလည်း ကိုယ့်အတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ဖို့လိုပါတယ်။

၃။ လေ့ကျင့်ခန်းအတူလုပ်

play

 

မပြင်မဆင်ထားတဲ့ ပုံစံကို မြင်တွေ့ရတာထက် ချွေးတရွှဲရွှဲနဲ့ ပင်ပန်းနွမ်းနယ်နေပုံကိုလည်း မြင်တွေ့ဖူးတာတောင် ချစ်နေသေးလား စစ်ဆေးဖို့ပါ။ ဒီလိုအချိန်တွေတောင် စိတ်ပျက်တာမျိုး မခံစားရဖို့ လိုပါတယ်။

၎။ အစွမ်းကုန် ရိုးသားကြည့်ပါ

ကိုယ့်ရဲ့ ဆိုးရွားတဲ့အကျင့်တွေ၊ အပျင်းထူတာတွေ၊ ညစ်ပတ်တာတွေကို အပြန်အလှန် ပြောပြရဲရပါမယ်။

play

 

၅။ သန့်စင်ခန်းအကြောင်း ဆွေးနွေးခြင်း

လေလည်တဲ့အကြောင်းတွေ၊ ဝမ်းချုပ်တာ ဝမ်းသွားတာကို အသေးစိတ်ကအစ ဆွေးနွေးတိုင်ပင်လို့ရပြီဆိုရင် သင်တို့အချစ်ဟာ အတော်ခိုင်မြဲနေပါပြီ။

၆။ အရေးပေါ်ဆက်သွယ်ရမယ့်သူ

ချစ်သူနဲ့ ကုန်ဆုံးတဲ့အချိန်က များတဲ့အတွက် မိသားစု၊ အဖေအမေရဲ့ ဖုန်းနံပါတ်တွေထက် အရေးပေါ်ဆက်သွယ်ရမယ့်နံပါတ်မှာ ချစ်သူရဲ့ဖုန်းနံပါတ်ကို ပေးထားနိုင်ပြီလား။

  play

 

၇။ ဘယ်တော့မှ ဗွေမယူဘူး

တစ်ယောက်အကြိုက်ဆုံး ပစ္စည်းတစ်ခုကို တစ်ယောက်က မတော်တဆ ဖျက်ဆီးမိရင်လည်း စိတ်မဆိုးသလို တခြားသူ ပြောရင် သည်းမမခံနိုင်တဲ့အရာတွေကို ချစ်သူ စနောက်ရင် စိတ်ဆိုးစရာလို့ မထင်ဘူး။ တစ်ယောက်စိတ်တစ်ယောက် အပြည့်အဝနားလည်ထားကြသူတွေ ဖြစ်နေပြီလေ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ