Relationships: အချစ်ကြီးသလို အမျက်ကြီးသူတွေရဲ့ အားသာချက် (၉) ချက်

' အချစ်ကြီးလို့အမျက်ကြီးရတယ် ' ဆိုတဲ့စကားကို တော်တော်များများကြားဖူးကြမှာပါ။ အရမ်းစွဲစွဲလမ်းလမ်းချစ်မိသွားတတ်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ခံစားချက်အခြေအနေပေါ့။

play

လူတော်တော်များများလက်ခံထားတာက အချစ်ကြီးတာ၊ အစွဲအလမ်းကြီးတာ မကောင်းဘူးဆိုပြီးတော့ပါ။ ဒါပေမဲ့ ကိစ္စတိုင်းမှာကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်၊ ကောင်းတဲ့ဘက်နဲ့ဆိုးတဲ့ဘက်ဆိုပြီး ရှိပါတယ်။ အချစ်ကြီးပြီးအမျက်ကြီးတဲ့သူတွေမှာလည်း အားသာချက်တွေရှိပါတယ်။

၁။ ချစ်သူနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သတ္တိရှိတဲ့သူများတယ်။

၂။ နာကြည်းစိတ်၊ ဒေါသစိတ်နဲ့ ပိုတော်ပိုကောင်းအောင် ကြိုးစားကြတယ်။

၃။ ဒေါသကြီးတော့ လူရှိန်တယ်လေ။ တော်ရုံနဲ့တော့ လာမစရဲတော့ဘူး။

play

၎။ ကိုယ့်ကိုလျှော့မတွက်ရဲဘူး။

၅။ သစ္စာဖောက်သွားတဲ့ရည်းစားက ကိုယ့်ကိုနောက်ထပ်ဘယ်လိုမှ ဒုက္ခထပ်မပေးရဲ၊ ပြန်မလာရဲလောက်တော့အောင် ကြောက်သွားတတ်တယ်။

၆။ တော်ရုံအားမငယ်ဘဲ ကိုယ့်ကိုသစ္စာမရှိတဲ့ချစ်သူကိုပဲ ဒေါသတွေ၊ အမုန်းတရားနဲ့အငြိုးတွေ ပုံအောထားလိုက်တယ်။

play

 

၇။ အစွဲအလမ်းကြီး၊ အချစ်ကြီးတော့ တစ်ခါခံစားရရင်တောင် နောက်တစ်ခါထပ်ခံစားနာကျင်ဖို့မရှိတော့ဘူး။

၈။ အချစ်ကြီးတဲ့သူတွေက တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ပုံအောစွဲလမ်းပြီးချစ်တတ်တော့ အသိုင်းအ၀ိုင်းကြားမှာလည်း နာမည်မပျက်ဘူး။

play

 

၉။ ကိုယ်ကချစ်နိုင်သမျှ အကုန်လုံးချစ်ပေးခဲ့လိုက်တာဖြစ်တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပြီး ကိုယ့်ကိုယ်ကိုယ်မကျေမနပ်နဲ့ အပြစ်တင်တာမျိုးမရှိတော့ဘူး။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ