Relationships: သင့်ကို ဒေါသထွက်နေတဲ့လူကို ဘယ်လိုကိုင်တွယ်မလဲ

, updated

မလုံခြုံမှု၊ ရွေးချယ်စရာမရှိမှု၊ မလေးစားတဲ့အပြုအမူကို ရင်ဆိုင်ရမှုနဲ့ စတဲ့အခြေအနေတွေကြောင့် ဒေါသက မြင့်တက်လာတာဖြစ်ပါတယ်။

play

 

၁ - အန္တရာယ်

အန္တရာယ်ရှိနေတယ်လို့ သင်ခံစားရရင်တော့ အဆိုပါ ဒေါသထွက်နေတဲ့လူရှိတဲ့ နေရာကနေ ခွာရမှာ ဖြစ်ပါတယ်။ ဒီလိုခွာတဲ့အခါမှာ လူအများမြင်တဲ့နေရာမျိုးကို ရှောင်သင့်ပါတယ်။ အလုပ်ထဲမှာဆိုရင် အထက်လူကြီးကို ပြောတာမျိုးလုပ်ပြီး အကူအညီ တောင်းလို့ရပါတယ်။

၂ - အချိန်ပေး

အခြေအနေက အန္တရာယ်ရှိလောက်တဲ့ အနေအထားမဟုတ်ဘူးဆိုရင် တစ်ဖက်လူဒေါသပြေအောင် အချိန်ပေးရမှာဖြစ်ပါတယ်။  ကျွန်တော် ခဏအပြင်သွားဦးမယ်၊ နေ့လယ်စာစားဦးမယ် စသဖြင့် အကြောင်းပြချက်ပေးပြီး ၁၅ မိနစ်လောက် တစ်ဖက်လူကို အချိန်ပေးလိုက်ပါ။ သင့်ခံစားချက်ကိုလည်း ထိန်းပြီးသားဖြစ်ပါတယ်။ ခင်ဗျားဒေါသပြေအောင် ခဏသွားနားလိုက်ဦးဆိုတာမျိုးတော့ တစ်ဖက်လူကို မပြောပါနဲ့။

play

 

၃ - ခံစားချက်ကို စောင့်ကြည့်

အသက်ကို ဖြည်းဖြည်းရှုပါ။ ကိုယ့်ဘက်ကဒေါသနဲ့ တုံ့ပြန်ရင် အခြေအနေက အဆိုးဆုံးကို ရောက်သွားပါလိမ့်မယ်။

၎ - အကြောင်းအရင်း

မလုံခြုံမှု၊ ရွေးချယ်စရာမရှိမှု၊ မလေးစားတဲ့အပြုအမူကို ရင်ဆိုင်ရမှုနဲ့ စတဲ့အခြေအနေတွေကြောင့် ဒေါသက မြင့်တက်လာတာဖြစ်ပါတယ်။ တစ်ဖက်လူဟာ အခြေအနေတစ်ခုကို ပုံမှန်တုံ့ပြန်နိုင်ဖို့ သင်ယူထားရတာမျိုး မရှိတဲ့အခါ ဒေါသနဲ့ တုံ့ပြန်ကြပါတယ်။

play

 

၅ - လက်ခံ

ဒေါသအတွက် သင့်မှာ တာဝန်မရှိဘူးဆိုတဲ့အချက်ကို သင်သိထားတဲ့အခါ သင့်ဘက်ကလည်း စိတ်ဆိုးခြင်းရှိမှာ မဟုတ်ပါဘူး။ မျှတတာပဲဖြစ်ဖြစ်၊ မမျှတတာပဲဖြစ်ဖြစ် သူ့ဘက်က ဒေါသထွက်နေတယ်ဆိုတာကိုလက်ခံပါ။

၆ - ဒါတွေ မလုပ်နဲ့

အော်ခြင်း၊ နာမည်ခေါ်ပြောခြင်း၊ ရန်လိုတဲ့ မေးခွန်းမေးခြင်းနဲ့ အလွန်အကျွံပြောတာတွေ မလုပ်ပါနဲ့။သူ့ဘက်က ထွက်ပေါက်မရှိအောင် ပိတ်ပြီး ပြောတာမျိုး မလုပ်ပါနဲ့။ ဒီအတိုင်းပဲ ထိုင်နားထောင်ပေးလိုက်တာကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အဖြေရှိရင်တော့ သူပြောတာကို နားထောင်ပြီးမှ တင်ပြသင့်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ